DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 23, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

နွေဆန်
နွေဆန် ရက် ၉၀ က ဒီနေ့မှာ ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၂၁,၀၀၀ ပေါက်ဈေး ရှိပါတယ်။

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၈၃၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၇,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ တပတ်အတွင်း ၅ သောင်းကျပ်ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် ၁ တန်ကို ငွေကျပ် ၄ သောင်းနီးပါး ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၈၂၅ ရှိပါတယ်။

ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာ ငွေကျပ် ၃,၁၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးပြန်တက်လာပါတယ်။

ကုလားပဲလုံးဖြူကြီး
ကုလားပဲလုံးဖြူကြီးက ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ဈေးက ၁ ပိဿာကို ငွေကျပ် ၂၁၂၀ ပေါက်ဈေးရှိနေပါတယ်။

သကြား
သကြားက ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၁၀၀ ကနေ ၁၄၉၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လပြီး ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၄၈၀ ကနေ ၅၀၀ ကျပ် ရှိပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013