DVB Logo
Home
မြန်မာသတင်း
ပျက်ကျလေယာဉ် ရှာဖွေရာတွင် ကူညီပေးနေသည့် ရေငုပ်သမား ကွယ်လွန်
DVB
·
June 23, 2017
ပျက်ကျလေယာဉ် ရှာဖွေရာတွင် ကူညီပေးနေသည့် ရေငုပ်သမား ကွယ်လွန်
Donate to DVB

ပျက်ကျ Y-8 လေယာဉ်အစိတ်အပိုင်းအား ဆယ်ယူရာမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရေငုပ်သမား ဦးစောနောင်ဟာ ဇွန် ၂၂ ရက် ည ၉ နာရီက ကွယ်လွန်သွားပါတယ်။

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူဖို့ တပ်မတော်နဲ့ပူးပေါင်းပြီး ကူညီပေးနေတဲ့ ဒလမြို့နယ် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နဲ့ ဦးသန့်ဇင်ဦး တို့နှစ်ဦးဟာ ရေထုဖိအားကြောင့် ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဇွန် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာကနေ ဦးစောနောင် ကွယ်လွန်သွားတာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဆေးကုသမှုခံယူနေစဉ်အတွင်းမှာ တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူတွေနဲ့ အထူးကြပ်မတ်ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးစောနောင် ကွယ်လွန်သွားတဲ့အတွက် တပ်မတော်က ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ ၀မ်းနည်းပါကြောင်း၊ ကျင်ရစ်သူ မိသားစုတွေရဲ့ လိုအပ်ချက်တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က ပျက်ကျခဲ့တာဖြစ်ပြီး ဒီနေ့ထိ စုစုပေါင်း ၉၃ လောင်း ဆယ်ယူရရှိပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013