DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ယာဉ်မောင်းနှင်သူများ အချက်ပြစနစ်မှန်ကန်ရေး အသိပညာပေး
DVB
·
June 23, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ မော်တော်ယာဉ်မောင်းနှင်သူတွေ မှားယွင်းစွာ အသုံးပြုနေတဲ့ အချက်ပြစနစ် မှန်ကန်ရေးနဲ့ သတ်မှတ်မိုင်နှုန်းထက် ပိုမာင်းနှင်ခြင်း မရှိစေရေးအတွက် ပညာပေးလုပ်ငန်းတွေကို ပြုလုပ်ခဲ့ပါတယ်။

သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး၊ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ ဇွန် ၂၂ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သထုံခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှကြူက "လက်ရှိဖြစ်နေတာက အဝေးပြေးလမ်းတွေမှာ အသုံးပြုနေတဲ့ အချက်ပြစနစ်ပါ။ ရှေ့ယာဉ်က ကျော်တက်ဖို့ဆို ဘယ်ဘက်မီးကို ဖွင့်ပိတ်လုပ်ပြီး ကျော်တက်ဖို့ ပြတယ်။ အမှန်က ညာဘက်မီးကိုပဲ သုံးရမယ်။ နောက်ကနေ ကျော်တက်မယ့်ယာဉ်ကလည်း လမ်းအခြေနေကို ကြည့်ပြီး ကျော်တက်ရမယ်။ အများစုက ဟိုင်းဝေးကားကြီးတွေ မောင်းတဲ့သူတွေပါ။ သူတို့က ဘယ်ဘက်ကို အချက်ပြပြီး ကျော်ခိုင်းနေတာတွေ ရှိတယ်။ ဒါတွေကို အမှန်ဖြစ်ဖို့အတွက် တနိုင်ငံလုံးအတိုင်းတာနဲ့ လုပ်နေပါတယ်" လို့ပြောပါတယ်။

အချက်ပြမီးစနစ် မှန်ကန်ရေးအတွက် ပညာပေးကာလကို သြဂုတ် ၃၁ ရက်ထိနဲ့ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မရှိစေရေး ပညာပေးကာလကို ဇူလိုင် ၃၁ ရက်ထိ ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကို မော်တော်ယာဉ်ဥပဒေတွေအရ အရေးယူသွားမယ်လို့ သထုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးက သိရပါတယ်။

အရှိန်ပြင်းမောင်းနှင်ခြင်း မရှိစေရေး သတိပေး Billboard တွေ စိုက်ထူတာ၊ Slow Down၊ Rumble Strips၊ Humps တွေ တပ်ဆင်ခြင်းတာ၊ အမြန်နှုန်းတိုင်း ကိရိယာတွေနဲ့ စစ်ဆေးတာတွေအပြင် အချက်ပြမီးစနစ် မှန်ကန်စွာ အသုံးပြုနိုင်ရေး ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းတာ၊ လိုင်စင်ပြုလုပ်ချိန်မှာ ပညာပေးဟောပြောတာတွေ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013