DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 22, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၁၁,၀၀၀ ကျပ် တက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၈၅၅,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၅၉၁,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ငွေကျပ် ၁,၃၀၀ ပေါက်ဈေး ရှိနေပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၈၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်ရှည်
ငရုတ်ရှည်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂,၅၀၀ ကနေ ၃၀၀၀ ကျပ် ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၂၅၀ ကနေ ၅၄၀ ကျပ် ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာတော့ စားအုန်းဆီက ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၈၂၀ ပေါက်ဈေး ရှိနေပါတယ်။

နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၁၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို  ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013