DVB Logo
Home
မြန်မာသတင်း
တယ်လီဖုန်းအခွန်ကောက်ခံရသည့် ကျပ် ၇ ဘီလီယံကျော်ကို ပညာရေးအတွက် ပေးအပ်
DVB
·
June 22, 2017
Donate to DVB

တယ်လီဖုန်းအသုံးပြုခ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကရရှိတဲ့ ကျပ်ငွေ ၇ ဘီလီယံကျော်ကို ပညာရေးကဏ္ဍမှာသုံးစွဲဖို့ လွှဲပေးခဲ့တယ်လို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးကြွယ်ကြွယ်ရဲ့ တယ်လီဖုန်းအသုံးပြုခကနေ ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပညာရေး ကဏ္ဍအတွက် ဘယ်လိုအသုံးပြုနေသည်ကို သိရှိလိုကြောင်းနဲ့ အခွန်ငွေတချို့ကို ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး အလွန်ဆင်းရဲချို့တဲ့ ပညာထူးချွန်ပြီး တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတွေကို ပညာသင်ထူးချွန်ဆုပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာပါ။

ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တယ်လီဖုန်းအသုံးပြုခကနေ ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့ ကျပ် ၇ ဒသမ ၄၅၅ ဘီလီယံကို ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်အဖြစ် ခွဲဝေပေးခဲ့ပါတယ် ” လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို ပညာသင်ထောက်ပံ့ကြေး ပေးနေသလို ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်မှာ ၀ိဇ္ဇာ၊ သိပ္ပံထူးချွန်သူတွေကိုလည်း ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်က ကောက်ခံရရှိတဲ့ အခွန်ငွေထဲက အစိတ်အပိုင်းတချို့ကို ခွဲဝေသတ်မှတ် ရန်ပုံငွေထူထောင်ပြီး အလွန်ဆင်းရဲချို့တဲ့ပညာထူးချွန်တဲ့ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတွေကို ပညာသင်ထူးချွန်ထောက်ပံ့ဆုပေးဖို့တော့ မရှိသေးဘူးလို့ ဒုဝန်ကြီးက ပြောပါတယ်။

နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှုစနစ်အရ အခွန်အကောက်ရငွေအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို ဝင်ရောက်ရပြီး ပညာရေးအပါအဝင် အသုံးစရိတ်အားလုံးကိုလည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကနေ နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေနဲ့အညီ ခွဲဝေသုံးစွဲရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013