DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဥပဒေ ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပထမအဆင့် ပြီးစီး
DVB
·
June 22, 2017
Donate to DVB

လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပထမအဆင့်ပြီးစီးနေပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ကဏ္ဍစုံက ပါဝင်သူတွေအကြား ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့ဟိုတယ်မှာ ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက်တာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက “မူကြမ်း ပထမအဆင့်ပြီးစီးပီ။ ဇူလိုင်ပထမအပတ်မှာ သက်ဆိုင်တဲ့ သူတွေကို အခုလိုပဲ ထပ်မံဖိတ်ခေါ် ဆွေးနွေးသွားမယ်။ အားလုံးပြီးသွားရင်တော့ ကော်မရှင်အနေနဲ့ လွှတ်တော်ကို ဆက်လက်တင်ပြသွားမယ်”လို့ ပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ဥပဒေမှာ အားနည်းချက်တွေ ပြန်လည်ပြင်ဆင်ရမယ့် အချက်တွေ အများကြီး ရှိတာကြောင့် ပြန်လည်ပြင်ဆင်ရတာဖြစ်ပြီး ဒီဥပဒေမူကြမ်းကို ကော်မရှင်ကပဲ ဦးဆောင်ပြီး ပြင်ဆင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013