DVB Logo
Home
မြန်မာသတင်း
ဦးဟံညောင်ဝေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ထားခြင်း မရှိ၊ လူမှုရေးဗီဇာဖြင့် လာရောက်နိုင်
DVB
·
June 22, 2017
Donate to DVB

မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့သား ဦးဟံညောင်ဝေကို အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဦးဟံညောင်ဝေဟာ ယူရို Burma Office အနေနဲ့ အရင်က ငြိမ်းချမ်းရေးစင်တာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ပြည်ဝင်ခွင့် Martial Visa ပေးထားခဲ့ပြီး လက်ရှိ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ယူရို Burma Office နဲ့ ကန်ထရိုက်ချုပ်ဆိုထားတာမျိုး သဘောတူညီချက် ထားရှိတာမျိုးတွေ မရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဦးဟံညောင်ဝေ ကိစ္စနဲ့ပတ်သက်ပြီး ဗီဇာပိတ်ပင်ထားတာ မဟုတ်ဘဲ ယခင်ကပေးတဲ့ Martial Visa လို နှစ်ရှည်မရတော့ဘဲ Social Visa နဲ့တော့ ဝင်လို့ရနိုင်တယ်လို့  သံရုံးတွေမှာ ပြောထားပြီးဖြစ်တဲ့အကြောင်း မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောပါတယ်။

ဓာတ်ပုံ- JAN BARTAS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013