DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံတွင် အထူးသန့်ရှင်းရေး စီမံချက်စတင်
DVB
·
June 22, 2017
Donate to DVB

ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဝန်ထမ်းရပ်ကွက်တွေနဲ့ စာသင်ကျောင်းတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်လာတာကြောင့် အထူးသန့်ရှင်းရေးစီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဝန်ထမ်းရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်ရှိတဲ့အထဲက တချို့ရပ်ကွက်တွေမှာ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေနဲ့ လမ်းသွယ်တွေမှာ ရေလျှံမှုတွေ ဖြစ်ပေါ်လာတာကြောင့် အထူးသန့်ရှင်းရေးကာလအနေနဲ့ အမြန်ဆောင်ရွက်နေကြတာလို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက ပြောပါတယ်။

လက်ရှိ အထူးသန့်ရှင်းရေးဆောင်ရွက်မှုတွေကို စည်ပင်ဝန်ထမ်း ၁၀၀ ကျော်၊ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ရပ်ကွက် ၆ ခုကို အပြီးဆောင်ရွက်နေတာပါ။

လာမယ့်ရက်ပိုင်းမှာတော့ ၄၁ ပင်မရပ်ကွက် အမက ၂၁ မူလတန်းကျောင်းမှာ မြောင်းပိတ်ပြီး မြေဖို့ထားတာကြောင့် မြောင်းပိတ်ရေလျှံ ဖြစ်ပေါ်နေတာကို ရှင်းလင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။

ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အုပ်ချုပ်ရေးအရ အလျင်အမြန် ဆောင်ရွက်ဖို့ လိုအပ်တာတွေကို လုပ်ငန်းကြန့်ကြာအောင် ပြုလုပ်သူတချို့ကြောင့် မလိုလားအပ်ဘဲ လုပ်ငန်းတွေ ကြန့်ကြာတဲ့ အခက်အခဲ ရှိနေတယ်လို့လည်း တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မြောက်ဒဂုံမှာ အစိုးရက ပေးထားတဲ့ ပေ ၄၀ ပေ ၆၀ ထက် ပိုပြီးယူထားတဲ့ နေအိမ် မြေပို ကျူးကျော်ဆောက်လုပ်မှုတွေကိုလည်း လာမယ့် ဇွန်လ ၂၈ ရက်မှာ တရပ်ကွက်ချင်း ဖယ်ရှားဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013