
ပျက်ကျ Y8 တပ်မတော် ပို့ဆောင်ရေး လေယာဉ်မှာ ပါသွားခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။
အလှူငွေပေးအပ်ပွဲကို ဒီနေ့ မနက်ပိုင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ် မြရာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းငွေ ၉၂၅၅၀၀၀ ကျပ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။
ဇွန် ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ Y-8 လေယာဉ်ကနေ စုစုပေါင်း ရုပ်အလောင်း ၉၃ လောင်းကို ရှာဖွေတွေ့ရှိထားပြီး စုစုပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - မန်းဂျော်နီဖေ့စ်ဘွတ်ခ်











