DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် အစီအစဉ်မရှိသေး
DVB
·
June 21, 2017
Donate to DVB

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်နဲ့ နိုင်ငံရေးပြစ်မှု အဓိပ္ပာယ်ကို ဖွင့်ဆိုဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြည်ထဲရေး ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၄ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ရဲ့ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ အားလုံးကို တယောက်မကျန် လွှတ်ဖို့ အစီစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေဆိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က အစိုးရဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအချို့က ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖော်ဖို့ ဆွေးနွေးခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံဘဝက  နိုင်ငံရေးအကျဉ်းသား တယောက်ရှိရင်တောင် များနေပြီလို့ ပြောခဲ့ဖူးတာကြောင့် လက်ရှိမှာ လုပ်ပေးနိုင်တဲ့ အခွင့်အရေးရှိနေလို့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်း၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ဆောင်ရွက်ပေးသင့်တယ်လို့  အမျိုးသားလွှတ်တော်အမတ် ဦးကျော်ကျော်က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

အရင် သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကာလမှာ အကျဉ်းသား အကျဉ်းသူစုစုပေါင်း ၅၃၆၄၂ ဦးကို လွှတ်ပေးခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း ၂၀၁၇ မေလအထိ နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးအပါအဝင် အကျဉ်သား၊ အကျဉ်းသူ စုစုပေါင်း ၂၄၁၆ ဦးကို လွှတ်ပေးခဲ့တယ်လို့ သိရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013