DVB Logo
Home
မြန်မာသတင်း
မြောင်းမြဘော်ဒါဆောင်မီးလောင်မှု စုံစမ်းဖော်ထုတ်မည်
DVB
·
June 21, 2017
Donate to DVB

ကျောင်းသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တဲ့မြောင်းမြမြို့က ကာယသုခဘော်ဒါဆောင် မီးလောင်မှုနဲ့ပတ်သက်လို့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ဘာကြောင့် ဖြစ်ပွားတယ်ဆိုတာကို သေချာအောင်စုံစမ်းပြီး သက်ဆိုင်သူတွေအနေနဲ့ တာဝန်ယူမှုရှိအောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၁၄ ရက်နံနက် ၂ နာရီခွဲခန့်က မြောင်းမြမြို့က ကာယသုခဘော်ဒါဆောင်မှာ ကျောင်းသား ၅ ဦး နေထိုင်တဲ့ အခန်းတွင်း မီးလောင်ကျွမ်းခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားတွေဖြစ်တဲ့ ခန့်မင်းစံ၊ အောင်ထွဋ်အေး၊ မင်းခန့်တင်တို့ ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ခန့်မင်းစံကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဇွန်လ ၂၀ ရက်နေ့မှာတော့ မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်။

မီးလောင်မှုက ခြင်ဆေးခွေထွန်းထားရကနေ ခန့်မင်းစံ ခုတင်ကစတင်ပြီး ခြင်ထောင် စောင်နဲ့ ဖျာတွေကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

ခြင်ဆေးခွေ ထွန်းညှိအသုံးပြုခဲ့တဲ့ သေဆုံးသူ ခန့်မင်းစံကို (ပ) ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇/၃၃၈ ကနေ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇/၃၀၄(က) ကို ပြောင်းလဲ ဖွင့်လှစ်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

အခုဖြစ်ပွားမှုနဲ့ပတ်သက်လို့ အဓိက ဘာကြောင့်ဖြစ်ပွားတာလဲ ဆိုတာကို စုံစမ်းရဦးမှာ ဖြစ်ပြီး အနည်းဆုံးကတော့ ဘော်ဒါမှာ တာဝန်ယူထားတဲ့သူတွေအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013