DVB Logo
Home
မြန်မာသတင်း
၆ လကြာသည့်တိုင် အလုပ်သမားကတ်မရ၍ ပွဲစားနှင့်ကုမ္ပဏီများကို အရေးယူပေးရန် တိုင်ကြား
DVB
·
June 21, 2017
၆ လကြာသည့်တိုင် အလုပ်သမားကတ်မရ၍ ပွဲစားနှင့်ကုမ္ပဏီများကို အရေးယူပေးရန် တိုင်ကြား
Donate to DVB

မြန်မာအလုပ်သမားပေါင်း ၁၀၀ ကျော်ဟာ အမ်အိုယူ အလုပ်သမားကတ်ရဖို့ မြဝတီမှာ လနဲ့ချီ စောင့်ဆိုင်းခဲ့ရတဲ့အတွက် ပွဲစားနဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အလုပ်သမားရုံးမှာ တိုင်ကြားခဲ့ကြပါတယ်။

ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရရေး အလုပ်သမားကတ်ရဖို့ လနဲ့ချီ စောင့်ဆိုင်းနေရပြီး ကတ်ရဖို့ မသေချာတဲ့အပြင် လမ်းစရိတ်တွေပါ ပြတ်တောက်နေတဲ့အတွက် သက်ဆိုင်ရာပွဲစားနဲ့ ကုမ္ပဏီတွေကို ဖိအားပေး အရေးယူပေးဖို့ အလုပ်သမားကိုယ်စားလှယ်တွေက ဒီကနေ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အလုပ်သမားရှာဖွေရေးရုံးမှာ လာရောက်တိုင်တန်းခဲ့ကြတာပါ။

သူတို့ဟာ အရင်က ထိုင်းမှာ တရားမဝင် သွားရောက်လုပ်ကိုင်ကြပြီး တရားဝင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ထိုင်းမှာရှိတဲ့ ကုမ္ပဏီတွေ၊ ပွဲစားတွေနဲ့ ဆက်သွယ်ဝင်ရောက်လာရာမှာ နေ့ညရွှေ့လုပ်နေလို့ ၆ လတိုင် အလုပ်ပျက်အကိုင်ပျက်၊ စရိတ်လည်းကုန်၊ အကြွေးတွေလည်း တင်တဲ့အပြင် ကတ်ရမယ့်နေ့ အတိအကျ မသိနိုင်လို့ HRDF အလုပ်သမားကူညီရေးအဖွဲ့နဲ့ ဆက်သွယ်ပြီး လာရောက်တိုင်တန်းရတာလို့ အလုပ်သမားတဦးဖြစ်သူ စိုင်းမတ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့လိုချင်တဲ့ အလုပ်သမားကတ်တွေ မြန်မြန်ရအောင်လုပ်ပေးဖို့ အလုပ်သမားရုံး တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့ ပွဲစားတွေကို ဖိအားပေးစေချင်ပါတယ်။ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ကျနော်တို့ဆီကယူထားတဲ့ ပိုက်ဆံတွေ ပြန်ပေးစေချင်တယ်။ ကျနော်ဆိုရင် ဘတ်ငွေ ၂ သောင်း ပေးထားတာ၊ ပတ်စပို့က ရပြီ။ အလုပ်သမားကတ်ပဲ စောင့်နေတာ၊ ၆ လကျော်ပြီ။ အလုပ်လည်း မလုပ်ရ၊ စရိတ်ကုန်တော့ ဆွေမျိုးတွေ အသိတွေဆီ လှည့်ပတ်ချေးငှားနေတာ ကြာတော့ သူတို့လည်းငြိုငြင်လာတယ်။ ထိုင်းမှာရှိတဲ့ အလုပ်ရှင်က တခါကို ဘတ်တထောင်နဲ့ ၃ ခါလွှဲလာတယ်၊ အဲဒါလည်း များများမယူရဲဘူး၊ လုပ်ခထဲက အကုန်ပြန်ဖြတ်မှာ။”

အလုပ်သမားတဦးဖြစ်တဲ့ စိုင်းလူလကတော့ သူ့မှာ မြန်မာမှတ်ပုံတင် စုတ်ပြဲသွားတဲ့အတွက် ဒဏ်ငွေ ဘတ် ၇၀၀၀ ပေးရမယ်ဆိုလို့ စုစုပေါင်း ဘတ် ၂ သောင်း ၅ ထောင်ကုန်ပြီလို့ ပြောပါတယ်။

“ကျနော်တို့ ထိုင်းကနေ ဒီကိုရောက်လာတာ မနှစ်က ၁၁ လပိုင်း ၉ ရက်နေ့ကတည်းက၊ ကျနော်တို့က အရင်ကလည်း လက်လုပ်လက်စားပဲဆိုတော့ အကြွေးတင်တာပဲပေါ့။ အချွေတာဆုံး စားတာတောင် တချို့နေ့ဆို ထမင်းတနပ်ပဲ စားရတယ်။ ဘာဖြစ်လို့ကြာလဲမေးတော့ ပွဲစားက သူတို့လည်း ထပ်ဆင့်အလိမ်ခံရတယ်လို့ ပြောတာပဲ၊ ဘယ်သူလိမ်လည်းတော့ မသိဘူး။ ဒီနေ့ အလုပ်သမားရုံးမှာ လာတိုင်တာ၊ အစက အများကြီးလိုက်လာမလို့ပဲ။ ဒါပေမယ့် တချို့က စာရွက်စာတမ်းမပြည့်စုံလို့ လောလောဆယ် ကျနော်တို့ ၅ ယောက်ပဲ အရင်ဝင်လာတယ်၊ ညနေပြန်ရင် ကျန်တဲ့ အလုပ်သမားတွေကို ပြန်ပြောပြရမှာပါ။”

မြဝတီမှာ လနဲ့ချီပြီး လာရောက်စောင့်ဆိုင်းနေရတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ တချို့က ၂၃ ရက်နေ့မှာ ရမယ်ပြောလို့ အဲဒီနေ့ထိ စောင့်နေကာ မရရင် လာတိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်သမားတွေ သက်ဆိုင်ရာမှာ တိုင်ချက်ဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ စိုင်းပိုင်းက ဒီကနေ့ တိုင်တန်းခဲ့တဲ့အထဲမှာ ချင်းမိုင်နဲ့ လမ်းပွန်းမြို့က အလုပ်သမားဝန်ဆောင်ရေး ကုမ္ပဏီ ၃ ခု၊ ထိုင်းလူမျိုး ပွဲစား ၄ ဦး ပါဝင်ပြီး အားလုံးဟာ ထိုင်းနိုင်ငံထဲကဖြစ်လို့ ထိုင်းအလုပ်သမားရုံးကို လာတိုင်ရတာဖြစ်ကြောင်း၊ ဒါပေမယ့် သူတို့မှာ အပြစ်ရှိမရှိ အလုပ်သမားရုံးက ခေါ်ယူစစ်ဆေးဦးမှာမို့လို့ ကုမ္ပဏီအမည်ကိုတော့ ပြောလို့မရသေးကြောင်း၊ အလုပ်သမားရုံးက ညွှန်ကြားချက် မလိုက်နာရင်တော့ ဥပဒေအရ အရေးယူခံရမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013