DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ၂၀၁၄ သန်းခေါင်စာရင်း အသိပညာပေး ဆွေးနွေး
DVB
·
June 21, 2017
ဝမ်းတွင်းတွင် ၂၀၁၄ သန်းခေါင်စာရင်း အသိပညာပေး ဆွေးနွေး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမမှာ ၂၀၁၄ က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ ပါရှိတဲ့ အချက်အလက်တွေကို လူမှုအလွှာအသီးသီးနဲ့ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၁၉ နဲ့  ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အင်အားဦးစီးဌာန ဒုညွှန်မှူး ဦးဇော်ဝင်းမြင့်က ဦးဆောင်ဆွေးနွေးပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်သူက ဒီဗွီဘီကို ပြောပါတယ်။

“သန်းခေါင်စာရင်းမှာ ပါတဲ့ အချက်အလက်တွေကို ပြည်သူတွေဆီ မျှဝပေးတာပါ။ မိတ္ထီလာခရိုင်အတွင်းက ၄ မြို့နယ်လုံး ဆွေးနွေးပွဲတွေလုပ်ပြီး မျှဝေသွားမှာပါ”လို့ ဒုညွှန်မှူး ဦးဇော်ဝင်းမြင့်က ပြောပါတယ်။

ဒုမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်အိအိချောက “၂၀၁၄ခုနှစ် သန်းခေါင်စာရင်း ကိန်းဂဏန်းတွေ၊ အချက်အလက်တွေပေါ် အခြေခံပြီး ဆွေးနွေးရတယ်။ အဲဒီတုန်းက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ အားနည်းနေတဲ့အရာ အားသာလာအောင် ဘယ်လို လုပ်မယ်။ ၂၀၁၄ က အချက်အလက်တွေဖြစ်လို့ အတိုးအလျော့ ရှိနိင်တယ်။ ဒီဒေတာပေါ်မှာပဲ မူတည်ပြီး ကိုယ့်ဒေသက ပြဿနာတွေကို ဖော်ထုတ်ပြီး ဘယ်လိုဆက်လုပ်မလဲ ဆွေနွေးတာပါ” လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အေးက “မြို့နယ်တွင်းမှာ ၂၀၁၄ တုန်းက ကောက်ထားတဲ့ ဒေတာတွေ ပြန်ချပြတယ်။ အဆောက်အဦနဲ့ပတ်သက်ရင် တိုက်နဲ့နေတဲ့ ရာနှုန်း၊ ဝါးထရံနေ ရာနှုန်း ချပြတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အသက် ၅ နှစ်က ၁၀ နှစ်တွင်း ကျောင်းနေကြပြီး အသက် ၁၁ နှစ် ကျောင်းသား နည်းသွားတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ။ အခု ၂၀၁၇ နဲ့ ကွာခြားမှု ဘယ်လိုရှိမလဲ ဆွေးနွေးကြတယ်”လို့ ပြောပါတယ်။

ဒုပညာရေးမှူး ဦးကျော်မြင့်က “၁၁ နှစ်အရွယ် ကျောင်းသားတွေ နည်းသွားတာ ကျေးရွာတွေမှာ အဲဒီအချိန်တုန်းက မူလတန်းအဆင့်ပဲ ရှိတယ်။ မူလတန်းပြီးတော့ တခြား တနေရာကို ကျောင်းသွားထားရမယ်။ အခက်အခဲရှိတယ်။ တောင်သူလုပ်ငန်းခွင်ထဲ ရောက်ကုန်တယ်။ အခုတော့ မူလွန်တွေ၊ အလယ်တန်းကျောင်းခွဲတွေ  ရှိလာပြီ။ ကျောင်းသားရဲ့ မိဘတွေက ကျောင်းပို့ပေးဖို့ စည်းရုံးပြောပြရမယ်” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တိတိ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း ဖြစ်ပါတယ်။

၂၀၁၇ မှာ ဖြန့်ဝေပေးပြီး ၃ နှစ်ခြားသွားလို့ လိုတာတွေ ရှိပေမယ့် အတည်ပြု စာရင်းမျာအရ မြို့နယ်တွင်း လူဦးရေ ၂၂၉,၇၆၀ ရှိပါတယ်။ ၁ စတုရန်းကီလိုမီတာမှာ လူ ၁၄၀၇ ဒသမ ၉ ယောက် နေထိုင်တယ်။ မြို့ပြနေသူ ရာနှုန်း ၁၄ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013