DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်နှင့် သံတွဲတွင် ရေပြန်ကျ
DVB
·
June 21, 2017
တောင်ကုတ်နှင့် သံတွဲတွင် ရေပြန်ကျ
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ သံတွဲမြို့တွေမှာ  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေလျှံလို့ ရပ်ကွက်အချို့မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ ရေတွေ ပြန်လည်ကျဆင်းသွားပြီလို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက “မနေ့ညနေ ၅ နာရီ အချိန်လောက်ကတည်းက ရေပြန်ကျသွားပြီ ခင်ဗျ။ အခုပုံမှန်ဖြစ်သွားပါပြီ။ မိုးက ၁၀ ရက်လောက် ဆက်တိုက်ရွာတာကို။ အဲဒီမှာ တောင်ကျချောင်းရေကြောင့် ရေတွေ အကုန်ပြည့်သွားတာပေါ့။ တောင်ကုတ်မြေနိမ့်ပိုင်းမှာဆိုရင် ၅ ပေကျော်ကျော်အထိ ရေတက်တယ်။ အဲဒါကတော့ တကယ့်ချောင်းပဲနားတွေမှာ ရှိတဲ့သူတွေပေါ့။ မြို့ပေါ်မှာက ဘူတာရပ်ကွက်၊ ဆေးရုံ ကွက်သစ်တွေ၊ မြပိုးဝါးလမ်းတလျှေက်ပေါ့ အကုန်နစ်မြုပ်သွားတာပေါ့။ အခု နည်းနည်းတော့ ကျသွားပြီးပေါ့။ နိမ့်တဲ့နေရာလောက်မှာပဲ တပေလောက်ပဲရေတွေ ကျန်တော့တယ်”လို့ ဒီဗွီဘီ ကို ပြောပါတယ်။

တောင်ကုတ်မြို့နယ်မှာ ၁၀ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ တောင်ကျချောင်း ရေလျှံ၊ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် တောင်ကုတ်မြေနိမ့်ပိုင်း ဘူးတာရပ်ကွက်၊ ဆေးရုံကွက်သစ်၊ မေပိုးလမ်းတလျှောက်အပြင် ကိုင်ရှည်-နတ်မော်တို့မှာ ၅ ပေ အထိ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင်သံတွဲမြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဒိုးတောင်အနိမ့်ပိုင်းနဲ့ ဗောဓိကုန်း၊ သုတိလမ်း သြဘာလမ်း၊ မာဃလမ်း၊ ရတနာလမ်း၊ ညောင်ပင်ဈေးတို့မှာ ရေတွေနစ်မြုပ်ခဲ့ပါတယ်။

သံတွဲမြို့ခံ ကိုပိုင်စိုးက “မိုးက ၁၀ ရက်ဆက်တိုင်းရွာခဲ့တယ်။ မိုးအရှိန်ကြောင့် ရေကြီးတာပေါ့။ သံတွဲမှာဆိုရင် ဒိုးတောင်ကွင်းအပိုင်းရယ်၊ ညောင်ပင်ဈေး၊ သစ်ဆိပ်နောက်ဖက်တွေကို အကုန်နစ်မြုပ်သွားသွားတာပေါ့။ ဒီမနက်အချိန်ထိတော့ ရေတွေ သိပ်မရှိတော့ဘူး။ ကျသွားပြီးခင်ဗျ”

လတ်တလော တောင်ကုတ်နဲ့ သံတွဲမြို့တို့မှာတော့ အချိန်မရွေး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရေကြီး လာနိုင်တယ်လို့ ဌာနဆိုင်ရာက သတင်းထုတ်ပြန်ထားပြီး ကြိုတင်ပြင်ဆင်မှုတွေကိုလည်း စီစဉ်ထားတယ်လို့ တောင်ကုတ်အုပ်ချုပ်ရေးက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလဦးစီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013