
အသက် ၁၆ နှစ်အရွယ် ထိုင်းရော့ခ်ဂီတသမား နေနေရွိုင်ရယ်ဟာ America’s Got Talent ပြိုင်ပွဲနောက်ဆုံးဖိုင်နယ်မှာ ဗိုလ်စွဲပြီး ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံး ထိုင်းနိုင်ငံသားချန်ပီယံ ဖြစ်လာပါတယ်။
နေနေရွိုင်ရယ်ရဲ့ အမည်ရင်းက ရတ်တီကန် အမ်လွိုင် ဖြစ်ပြီး ထိုင်းနိုင်ငံ ဖူးခက်မှာ နေထိုင်သူ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၂ ရက် နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ The White Stripes ရဲ့ Seven Nation Army သီချင်းကို ရော့ခ်စတိုင်နဲ့ ဖျော်ဖြေခဲ့ပါတယ်။
နေနေဟာ မှော်ပညာရှင်တွေ၊ ခွေးဖျော်ဖြေရေးအဖွဲ့နဲ့ စက်ရုပ်အကအဖွဲ့ အပါအဝင် နောက်ဆုံးဆန်ခါတင် ကိုးဖွဲ့ကို ကျော်ဖြတ်ခဲ့တာပါ။
ပြိုင်ပွဲအစောပိုင်းမှာ The Cranberries ရဲ့ Zombie သီချင်းကို သီဆိုခဲ့တဲ့ audition ဗီဒီယိုကလည်း အွန်လိုင်းမှာ အလွန်လူကြိုက်များခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက် ရလဒ်ကြေညာပွဲမှာ နေနေဟာ Linkin Park နဲ့အတူ The Emptiness Machine သီချင်းကိုလည်း ဖျော်ဖြေခဲ့ပါတယ်။
နောက်ဆုံးမှာ ပရိသတ်မဲအများဆုံးရပြီး Season 21 ချန်ပီယံအဖြစ် ရွေးချယ်ခံရကာ အမေရိကန်ဒေါ်လာ ၁ သန်းဆုကို ရရှိခဲ့ပါတယ်။
အနိုင်ရပြီးနောက် နေနေက “အခု အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောပြီး အားပေးသူအားလုံးကို ကျေးဇူးတင်ခဲ့ပါတယ်။
ထိုင်းအစိုးရကလည်း နေနေရဲ့ အောင်မြင်မှုဟာ “အိပ်မက်ကြီးကြီးမက်ရဲသူတိုင်းအတွက် အားတက်စရာ” ဖြစ်တယ်လို့ ချီးကျူးထားပါတယ်။











