DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ ညဈေးတန်းကို နေရာသစ်သို့ ပြောင်းရွှေ့
DVB
·
June 21, 2017
မုံရွာမြို့ ညဈေးတန်းကို နေရာသစ်သို့ ပြောင်းရွှေ့
1 / 9
Donate to DVB

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ညဈေးတန်းကို ဒီနေ့ကစတင်ပြီး ရုံးကြီးလမ်းမှာ ပြောင်းရွှေ့ရောင်းချနေပြီ ဖြစ်ပါတယ်။

ညဈေးတန်းမှာ ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ရှိပြီး မူလကတည်းက ရောင်းချခဲ့တဲ့ ဈေးသည်တွေအပြင် ခုမှ အသစ်တိုးရောင်းချလာသူတွေလည်း ရှိပါတယ်။

ညဈေးတန်း ပြောင်းရွှေ့ရာကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးကာ လိုအပ်တာတွေကို ညွှန်ကြားနေပါတယ်။

လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာတော့ ညဈေးတန်းသစ်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ညဈေးတန်း နေရာသစ်မှာ ဈေးရောင်းရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဈေးသည်တွေကို မေးကြည့်ရာမှာတော့ ဒီနေ့မှ စရောင်းရတာဖြစ်လို့ အခြေအနေမှန် မသိနိုင်သေးကြောင်း၊ ခုမှ အသစ်ပြန်စရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေတော့ ရှိကြောင်း၊ ဈေးဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး နေရာချထားတာတွေမှာ လူဟောင်းတွေ ဦးစားပေးမယ်ဆိုပေမယ့် အချို့နေရာတွေမှာ အဆင်မပြေတာတွေ ရှိတယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။

ညဈေးတန်းကို ညနေ ၄ နာရီကနေ ည ၁၀ နာရီ ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ညဈေးတန်းမှာ အဓိကကတော့ အစားအစာတွေ ရောင်းချတာဖြစ်ပြီး အဝတ်အထည်၊ ဖိနပ် စတဲ့ အသုံးအဆောင် ရောင်းချတာတွေလည်း ရှိပါတယ်။

ဈေးဝယ်သူတွေကတော့ “အဆင်ပြေတယ်။ အရင်နေရာနဲ့စာရင်တော့ ဝေးသွားတယ်။ နီးတဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် ကိုယ် ဝယ်နေကျဆိုင်တွေတော့ ပြန်ရှာရတာပေါ့”လို့ ပြောပါတယ်။

ညဈေးတန်းနဲ့ပတ်သက်ပြီး မြို့ခံတွေကြားမှာ အမျိုးမျိုး ဝေဖန်မှုတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013