DVB Logo
Home
မြန်မာသတင်း
ရွှေညဝါဆရာ​တော်နှင့်​ သံဃာများ​ ဆွမ်း​ခံအလှူပစ္စည်း​ မီး​ဘေး​ဒုက္ခသည်များ​ကို စွန့်​ကြဲ
DVB
·
February 17, 2012
ရွှေညဝါဆရာ​တော်နှင့်​ သံဃာများ​ ဆွမ်း​ခံအလှူပစ္စည်း​ မီး​ဘေး​ဒုက္ခသည်များ​ကို စွန့်​ကြဲ
1 / 2
Donate to DVB

ရန်ကုန်တိုင်း​ ကြည့်​မြင်တိုင်မြို့​နယ် သာဓုပရိယတ္တိစာသင်တိုက်က ​ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟနဲ့​ သံဃာ၊​ သီလရှင် အပါး​ ၇၀၀ ခန့်​ဟာ ဒီ​နေ့​မနက် ဆွမ်း​ခံထွက်ပြီး​ ဘုန်း​ပေး​လို့​ ပိုလျှံတဲ့​ အလှူခံပစ္စည်း​တွေကို လှိုင်သာယာမြို့​နယ် မီး​ဘေး​ဒုက္ခသည်​တွေကို သွား​ရောက် စွန့်​ကြဲပါတယ်။

“၇၀၀ ဝန်း​ကျင်​လောက် ရှိမယ်လို့​ သီလရှင်​တွေ​ရော၊​ သံဃာ​တော်​တွေ​ရော။ သီလရှင်​တွေက ၁၉၀ ​ကျော်​လောက်ရှိတယ်။ သံဃာက ၅၀၀ ​လောက် ရှိတယ်။ ကြည့်​မြင်တိုင်၊​ ကမာရွတ် အကုန်လုံး​ကို အလှည့်​ကျနဲ့​ ပုံမှန်အတိုင်း​ကြွတာ​လေ။ ဒီ​နေ့​ ၇ ရက် ရှိသွား​ပြီ​လေ။ မီး​ဘေး​ဒုက္ခသည်​တွေကိုလည်း​ သွား​လှူတာ၊​ ပြည် သွား​လှူဦး​မယ် ၇ ရက်​မြောက်​ပေါ့​။”

ဒီလို ဆွမ်း​ခံကြွချီတာဟာ သီတင်း​တပတ်ရှိပြီလို့​ ဆရာ​တော်က မိန့်​ပါတယ်။ ဒီလဆန်း​ပိုင်း​က လှိုင်သာယာမီး​ဘေး​ကြောင့်​ အိမ်​ခြေ ၃၅၀ နီး​ပါး​ မီး​ထဲပါခဲ့​တာကို ဆရာ​တော်က လှူဒါန်း​နေတာပါ။

တမြန်​နေ့​က တိုင်း​သာသာနာ​ရေး​ ဦး​စီး​ဌာနတာဝန်ရှိသူ​တွေနဲ့​ ခရိုင်အုပ်ချုပ်​ရေး​မှူး​တို့​က ဆရာ​တော်နဲ့​ ​တွေ့​ဆုံပြီး​ နိုင်ငံ​ရေး​အသုံး​ချခံမဖြစ်ဖို့​ ​လျှောက်ထား​ကြတယ်လို့​ ဆရာ​တော်က မိန့်​ပါတယ်။

“​ဆွေး​နွေး​တာက​တော့​ ၈၈ မျိုး​ဆက်​တွေ၊​ အန်အယ်လ်ဒီပါတီက ဒကာ​တွေ၊​ ဒကာမ​တွေ ပါဝင်လာတဲ့​အ​ပေါ်မှာ နိုင်ငံ​ရေး​ အသုံး​ချမှု​တွေ ပါသွား​မှာစိုး​လို့​ဆိုပြီး​ ​ပြော​တော့​ ရှင်း​ပြလိုက်ပါတယ်။ သူတို့​က ဗုဒ္ဓဘာသာဝင်​တွေပါလို့​။ ဆွမ်း​ခံကြွတယ် ကျုပ် ​ဝေယျာဝစ္စ ​တောင်း​နိုင် ပို့​နိုင်​အောင် လာတာပါလို့​။ သူတို့​ကုသိုလ်ယူခွင့်​ မရှိဘူး​လား​။ ဗုဒ္ဓဘာသာ​တွေပဲ။ ဘာအပြစ်နဲ့​ ဘာပုံချမှာလဲ။ အဲဒါကို ဆီလို အ​ပေါက်မရှာနဲ့​လေ။”

ဆရာ​တော်ဟာ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်အရ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် သာဓု​ကျောင်း​တိုက်က​နေထွက်မှာဖြစ်ပြီး​ ရန်ကုန်မြို့​ပြင် ​မှော်ဘီဘက်က ခြံတခြံမှာ စာသင်သား​ ၁၀၀ ​ကျော်ကို ​ခေါ်​ဆောင်ပြီး​ သီတင်း​သုံး​မှာ ဖြစ်ပါတယ်။

နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ​ရွှေညဝါဆရာ​တော်ကို တရား​ဟောခွင့်​ တနှစ်ပိတ်ထား​တာ ဒီလ ၁၀ ရက်​နေ့​မှာ ပြည့်​ပါတယ်။ ဒါ​ပေမယ့်​ ​နောက်ထပ်တနှစ် ထပ်ပိတ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013