DVB Logo
Home
မြန်မာသတင်း
၁၂ နှစ်အရွယ်ကျောင်းသူကို ဘုရားစောင်းတန်းတွင် အဓမ္မပြုကျင့်သည့် ရာအိမ်မှူးကို ဖမ်းဆီး
DVB
·
June 21, 2017
၁၂ နှစ်အရွယ်ကျောင်းသူကို ဘုရားစောင်းတန်းတွင် အဓမ္မပြုကျင့်သည့် ရာအိမ်မှူးကို ဖမ်းဆီး
Donate to DVB

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ ဝတ်တိုက်ကျောင်းရဲ့ ဘုရားစောင်းတန်းမှာ ဇွန် ၂၀ ရက်နေ့က အရွယ်မရောက်သေးတဲ့ ၁၂ နှစ်အရွယ် ကျောင်းသူလေအား မြို့သစ်ရပ်ကွက် ရာအိမ်မှူး အဓမ္မပြုကျင့်ဖို့ ကြံစည်နေစဉ် ဖမ်းဆီးမိခဲ့ပါတယ်။

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် ၃ ရပ်ကွက်မှ ရာအိမ်မှူး ဉာဏ်မြင့်က ကျောင်းသူလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ဘေးတွဲဆိုင်ကယ်နဲ့ တလိုင်းစုရပ်ကွက်မှာရှိတဲ့ ဝတ်တိုက်ကျောင်းက ဘူးဘုရားပေါ် ခေါ်ယူလာပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာလို့ ရဲစစ်ချက်မှတ်တမ်းမှာ ဖော်ပြပါတယ်။

မြို့သစ် အထက (ခွဲ) ကျောင်းမှာ ပညာသင်ယူနေတဲ့ ၁၂ နှစ်အရွယ် ၅ တန်း ကျောင်းသူလေးဟာ ဇွန်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီက အ.ထ.က (ခွဲ) မူကြိုကျောင်းမှာရှိတဲ့ ဝမ်းကွဲမောင်လေးကို ထမင်းဘူးပို့ပြီး ကျောင်းရှေ့ကို မုန့်ဝယ်စားဖို့ ထွက်လာချိန်မှာ ဉာဏ်မြင့်က ဆိုင်ကယ်ပေါ် အတင်းခေါ်သွားပြီး ဘူးဘုရားစောင်းတန်းကို ခေါ်ယူသွားခဲ့တယ်လို့ ဆိုတယ်။

မျက်မျက်တွေ့ရှိ ဖမ်းဆီးခဲ့တဲ့  တလိုင်းစုရပ်ကွက်မှ ဆယ်အိမ်မှူး ဦးဆန်နီက “ကျနော်က ဘုရားမှာ နေ့စဉ် ဘုရားပန်းတွေ၊ ဘုရားရေတွေ လဲပေးနေပါတယ်။ ဒီနေ့မှာ ကျောင်းသူလေးတဦးနဲ့ လူကြီးပိုင်းတဦး ဘုရားပေါ်ကို တက်လာတာ တွေ့တယ်။ သိပ်မကြာဘူး၊ လူရိပ်တွေ့လို့ သွားကြည့်လိုက်တာ အဲဒီလူက ကျောင်းသူလေးကို အဓမ္မပြုကျင့်နေတာ တွေ့လိုက်ရတယ်။ ကျောင်းသူလေးက အတင်းရုန်းကန်နေတော့ ကျနော်လည်း ဖမ်းဆီးတုပ်နှောင်လိုက်တယ်” လို့ ပြောပါတယ်။

မိန်းကလေးကို အဓမ္မပြုကျင့်နေသူကို တုပ်နှောင် ထားပြီးနောက် တလိုင်းစု အုပ်ချုပ်ရေးမှူးကိုခေါ်ယူခဲ့ရာ အုပ်ချုပ်ရေးမှူးက လာရောက်စစ်ဆေးခဲ့တယ်လို့ ဦးဆန်နီက ပြောပါတယ်။

တလိုင်း စုအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်ကို ဒီဗွီဘီက မေးမြန်းရာမှာ “ကျနော်ရောက်လာတော့ အဲဒီအဓမ္မကျင့်တဲ့ သူက မြို့သစ်ရာအိမ်မှူးဆိုတာ သိလိုက်ရတယ်။ မိန်းကလေးကို မေးကြည့်တော့ သူ့ကိုဆိုင်ကယ်ပေါ် အတင်းခေါ်တင်ပြီး ဒီနေရာကို ခေါ်လာတယ်ဆိုပြီး ပြောပြပါတယ်။ အကြောင်းစုံကိုမေးမြန်းနေတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရောက်လာတော့ ရဲကိုအပ်နှံပေးလိုက်ပါတယ်။ ဒီအမှုကို ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီးအမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဉာဏ်မြင့်ဟာ အရင်ကလည်း ကျောင်းသူလေးတွေကို ဗူးဘုရားပေါ် ခေါ်လာတာ တွေ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မြိတ်မြို့မ ရဲစခန်းက ဉာဏ်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်အရေးယူထားပြီး အရင်က အလားတူ ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စစ်ဆေးသွားမယ်လို့ မြို့မ စခန်းမှူးက ပြောပါတယ်။

မြတ်ထွဋ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013