DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ အလုပ်သမား​သပိတ် တရား​ရုံး​ ​ရောက်မည်
DVB
·
February 17, 2012
လှိုင်သာယာ အလုပ်သမား​သပိတ် တရား​ရုံး​ ​ရောက်မည်
1 / 4
Donate to DVB

တပတ်​ကျော် ​ပြေလည်မှု မရ​သေး​တဲ့​ ရန်ကုန်လှိုင်သာယာ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ ဥပ​ဒေ​ကြောင်း​အရ ကြိုး​စား​မယ့်​ ပုံစံ​ပြောင်း​လဲသွား​ပြီး​ ​နောက်ထပ် မ​ရေမရာ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။

လုပ်အား​ခ တိုး​မြှင့်​ပေး​ရေး​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ ​ဆွေး​နွေး​ညှိနှိုင်း​လို့​ မရ​တော့​တာ​ကြောင့်​ ဥပ​ဒေ​ကြောင်း​အရ ​ဖြေရှင်း​ဖို့​ ကြိုး​စား​တာလို့​ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့​တဲ့​ ဆန္ဒပြအလုပ်သမား​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။

“ဒီလိုမျိုး​ အရမ်း​တာရှည်​နေတာ ဘယ်သူ့​အတွက်မှ မ​ကောင်း​ဘူး​လေ။ ဒါ​ပေမယ့်​ တိုင်ပင်ညှိနှိုင်း​ရေး​ အဖွဲ့​တွေ၊​ သက်ဆိုင်ရာ အဖွဲ့​အစည်း​တွေကလည်း​ တကယ်တိကျတဲ့​ ​ဆွေး​နွေး​ပွဲဖြစ်​အောင် ဖိအား​ပေး​ဖို့​ လိုမယ်လို့​ ကျမထင်တယ်။ သူတို့​ပေး​ထား​တဲ့​ နှုန်း​ထား​ထက် တိုး​မြှင့်​မ​ပေး​နိုင်ဘူး​ဆို​တော့​ အလုပ်သမား​ထု ကလည်း​ မ​ကျေနပ်ဘူး​ပေါ့​နော်။ အခု ​နောက်ဆုံး​ အ​ခြေအ​နေက​တော့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီခုံရုံး​ကို တက်ဖို့​ စီစဉ်​နေပါတယ်။ ဘယ်​လောက်ကြာမယ် ဆိုတာက ကန့်​သတ်လို့​ မရဘူး​လေ။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က​တော့​ အလုပ်သမား​သပိတ်ကို အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်၊​ ရန်ကုန်တိုင်း​ အလုပ်သမား​ ညွန်ကြား​မှူး​ဦး​စီး​ဌာနက ဒု- ညွှန်ကြား​ရေး​မှူး​ ဦး​မျိုး​အောင်တို့​က ဝင်​ရောက် ညှိနှိုင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး​။

အလုပ်သမား​တွေဘက်က တနာရီလုပ်အား​ခကို ၁၅၀ အထိ ​တောင်း​ဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅ ကျပ် ​ပေး​တာကို ၁၀၀ အထိပဲ တိုး​မယ်လို့​ ​ပြောပြီး​၊​ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ တလလုံး​ ရက်မှန်​ကြေး​ ၈၀၀၀ ကျပ်ကိုလည်း​ အလုပ်ရှင်ဘက်က နဂိုအတိုင်း​ ၆၀၀၀ ကျပ်ပဲ ​ပေး​မယ်လို့​ တင်း​ခံ​နေတာ​ကြောင့်​ ​ပြေလည်မှု မရတာပါ။

အလုပ်သမား​တွေဘက်က ဥပ​ဒေအကြံ​ပေး​ဖြစ်တဲ့​ ​ရှေ့​နေကို ဖိုး​ဖြူက​တော့​ ဥပ​ဒေ​ကြောင်း​အရ လုပ်​ဆောင်တဲ့​ တရား​ရုံး​ရဲ့​ ဆုံး​ဖြတ်ချက်ချတဲ့​အထိ ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်​ပေမယ့်​ အာဏာပိုင်​တွေရဲ့​ သ​ဘောထား​အ​ပေါ်မှာ မူတည်တယ်လို့​ ​ပြောပါတယ်။

လက်ရှိ အလုပ်သမား​ ဥပ​ဒေ​တွေက အလုပ်သမား​တွေအ​ပေါ် အကာအကွယ် မ​ပေး​နိုင်မှာကိုလည်း​ စိုး​ရိမ်တယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပ​ဒေ အတိုင်း​ ပြဋ္ဌာန်း​ချက်ပါ အခွင့်​အ​ရေး​တွေကို​တောင် အလုပ်သမား​ဝန်ကြီး​ဌာန၊​ အလုပ်သမား​ ညွှန်ကြား​မှုဌာနက အ​ကောင်အထည် ​ဖော်ခြင်း​ မရှိတာကို ​တွေ့​ရတယ်။ ​ရှေ့​နေ​ရှေ့​ရပ်​တွေနဲ့​ ခုခံ​ချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမား​တွေက ခံစား​နေကြရတယ်။ အခု ​နောက်တခါ အလုပ်ရှင် အလုပ်သမား​တွေ အငြင်း​ပွား​မှု ​ဖြေရှင်း​ရေး​ ဥပ​ဒေဟာ ဝန်ကြီး​ဌာန​တွေ အလိုကျ ဝန်ကြီး​ဌာနစိတ်ကြိုက် ​ဖြေရှင်း​ခွင့်​အရ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေဖြစ်လာမှာကို ကျ​နော်တို့​ အလွန်ပဲ စိုး​ရိမ်ပါတယ်။”

ရှေ့​တပတ်ထဲမှာ လှိုင်သာယာမြို့​နယ် အလုပ်သမား​အမှု​တွေကို ကြား​နာစစ်​ဆေး​တဲ့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီခုံရုံး​ကို တင်သွင်း​မယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

အလုပ်သမား​အင်အား​ ၂၀၀၀ နီး​ပါး​ရှိတဲ့​ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ် လူမျိုး​တ​ယောက်နဲ့​ မြန်မာလူမျိုး​တ​ယောက်တို့​ ဖက်စပ်ပိုင်တာဖြစ်ပါတယ်။

အလုပ်ရှင်ဘက်က ဆန္ဒပြသမား​တွေကို ပြီး​ခဲ့​တဲ့​ (စ​နေ​နေ့​) ​နောက်ဆုံး​ထား​ပြီး​ အလုပ်ပြန်မဆင်း​ရင် မိမိဆန္ဒအ​လျှောက် အလုပ်ထွက်ပြီး​သား​ ဖြစ်မယ်၊​ ရန်ကုန်တိုင်း​ အလုပ်သမား​ရုံး​မှာ လုပ်ခလစာ​တွေကို ကိုယ်တိုင် သွား​ယူဖို့​ သတိ​ပေး​ခဲ့​ပေမယ့်​ အလုပ်သမား​တွေက လခလည်း​မထုတ်ဘဲ ဒီ​နေ့​အထိ ဆက်လက် ဆန္ဒပြ​နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013