DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 20, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ တန်ကို ၃၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၆၀၀,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

မတ်ပဲ
မတ်ပဲကတော့ ၁ တန်ကို ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၈၅၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၄,၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၄၀၀ ကနေ ၂,၁၆၅ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၂,၆၀၀ ကနေ ၃,၇၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၄၉၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၁၀၆,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲပုတ်(ရှမ်း)
ပဲပုတ်(ရှမ်း)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၈၆၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013