DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လူ ၉၀၀ ခန့် သွေးလွန်တုပ်ကွေး ဖြစ်ပွား၊ ၁၂ ဦး သေဆုံး
DVB
·
June 20, 2017
ရခိုင်တွင် လူ ၉၀၀ ခန့် သွေးလွန်တုပ်ကွေး ဖြစ်ပွား၊ ၁၂ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်က ဆေးရုံတိုင်းမှာ သွေးလွန်တုပ်ကွေး လူနာတွေ ရှိနေပြီး မနေ့အထိ လူ ၁၂ ယောက် သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနက စုံစမ်းသိရပါတယ်။

မင်းပြား၊ ကျောက်တော်နဲ့ တောင်ကုတ်မြို့တွေမှာ ရောဂါအများဆုံး ဖြစ်နေတာလို့ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရပကန)က လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံကျော့ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့အထိ ၈၇၉ ယောက် ဖြစ်နေတယ်။ ၁၂ ယောက် သေဆုံးသွားတယ်။ မာန်အောင်နဲ့ မောင်းတောကလွဲရင် ကျန်တဲ့မြို့တိုင်းမှာ ဆေးရုံတက်နေတာ ၁၀ ယောက်နဲ့ အထက်မှာ ရှိနေတယ်။ အခု ဇွန်လအထိ ၆ လအတွင်း ဖြစ်တာက မနှစ်က တနှစ်လုံး ဖြစ်တာထက် ပိုများပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ  ၅၅၆ ယောက် ဖြစ်ပွားပြီး ၅ ယောက် သေဆုံးခဲ့တာပါ။ ဖြစ်ပွားသူတွေထဲမှာ အသက်အငယ်ဆုံးက အသက် ၆ လဖြစ်ပြီး အကြီးဆုံးအရွယ်ကတော့  ၇၆ နှစ် ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည် ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်တွေကတဆင့် ကူးစက်တတ်တာ ဖြစ်ပြီး ကလေးတွေမှာ ပိုပြီးအဖြစ်များလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013