DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုတွင် ဆိပ်ခံဗောတခုကို လုပ်ငန်းရှင်တဦး လှူဒါန်း
DVB
·
June 20, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၊ ကတန်ကျွန်းကြီးပေါ်မှာ လုပ်ငန်းရှင်တဦးက ကျပ်သိန်း ၄၀၀ ကျော် အကုန်အကျခံပြီး ဆိပ်ခံဗောတံတားတခုကို လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံတုန်းက အမြန်ရေယာဉ်တွေ ဆိုက်ကပ်ဖို့နဲ့ အများပြည်သူသုံးနိုင်ဖို့ တံတားတစီး လိုအပ်တယ်လို့  ဒေသခံတွေက တင်ပြခဲ့ကြတဲ့အပေါ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က “ကျွန်းစုဒေသခံများ တင်ပြလာတဲ့အပေါ်မှာ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးလှသန်းငွေက ကျပ် ၄၁၃ သိန်း အကုန်အကျခံ ဆောက်လုပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဆိပ်ခံဗောက အလျား ပေ ၆၀၊ အကျယ် ၁၈ ပေ၊ ဇောက် ၇ ပေရှိပါတယ်”လို့ ပြောပါတယ်။

'မင်္ဂလာ' အမည်ရှိ ဆိပ်ခံဗောတံတားကို ကတန်ကျွန်းကြီးပေါ်က ရပ်ကွက် ၄ ခုနဲ့ ကျေးရွာ ၂၅ ရွာက ဒေသခံတွေ စတင်အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013