DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်စခန်းတွင် ရေကြီးရေလျှံ မြေပြိုမှုဖြစ်ပွား (ရုပ်သံ)
DVB
·
June 20, 2017
ကချင်ဒုက္ခသည်စခန်းတွင် ရေကြီးရေလျှံ မြေပြိုမှုဖြစ်ပွား (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်းရှိ အင်ခေါင်းပါ ပြည်တွင်းဒုက္ခသည်စခန်းမှာ ဇွန် ၁၉ ရက်နေ့က ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဇွန် ၁၈ ရက်နေ့ညက မိုးသည်းထန်ပြီး ဇွန် ၁၉ ရက် မနက်အစောပိုင်းမှာ တောင်ကျချောင်းရေတွေ သူတို့စခန်းနားကို စီးဆင်းလာတာလို့ ၀မ်ပေါင်နိမ်းထွဲ့ ကချင်ဒုက္ခသည်များ ကူညီရေးအဖွဲ့  ဆက်သွယ်ညှိနှိုင်းရေးမှူး  မွန်းနန်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစခန်းမှာ အဲန်ခေါင်းဆိုတဲ့ ချောင်းရှိတယ်၊ မိုးရွာတော့ တောင်ကျချောင်းရေတွေ လျှံလာ တာပေါ့။ စာသင်ကျောင်းလည်း မနေ့က တရက်တော့ ပိတ်လိုက်ရတယ်၊ ရေအရမ်းကြီးတော့။ အပျက်အစီးကတော့ ၀က်ခြံတွေလောက်ပဲ၊ အဲဒီဝက်တွေတော့ ကယ်ထုတ်နိုင်တယ်။ ဒါပေမယ့် သောက်ရေသုံးရေလုပ်နေတဲ့ ရေအရင်းအမြစ်က ပြတ်တောက်သွားလို့ တခြားတနေရာကနေ ပြန်သွယ်ပြီးသုံးရတယ်၊ စခန်းဘေးနားမှာလည်း မြေပြိုတာတွေရှိတယ်၊ လူတွေထိခိုက်တာ မရှိဘူး။ မနေ့က တနေကုန်ရေကြီးပြီး ဒီနေ့မှာတော့ ပြန်ကျသွားပြီ။ ဒါပေမယ့် ဒီနေ့လည်း မိုးရွာနေ တုန်းဆိုတော့ စိုးရိမ်စရာတော့ ရှိတာပေါ့၊ မြေပြိုတာတွေ၊ ချောင်းရေထပ်တက်လာမှာတွေကို။”

အင်ခေါင်းပါ ဒုက္ခသည်စခန်းမှာ လူပေါင်းတစ်ထောင်ကျော်ရှိပြီး လွန်ခဲ့တဲ့ ၆ နှစ်လောက်က သူတို့ရဲ့ ဆန်ဂန်ရွာနဲ့ ဘလောင်ဒင်ဆာရွာအနီး ကေအိုင်အေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေကြောင့် အခုလက်ရှိနေရာကို ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013