DVB Logo
Home
မေးမြန်းခန်း
ရန်ကုန် ​ရွှေလုပ်ငန်း​ရှင်များ​ စာရွက်စာတမ်း​ဖြင့်​သာ အ​ရောင်း​အဝယ်လုပ်
DVB
·
February 17, 2012
ရန်ကုန် ​ရွှေလုပ်ငန်း​ရှင်များ​ စာရွက်စာတမ်း​ဖြင့်​သာ အ​ရောင်း​အဝယ်လုပ်
Donate to DVB

ရန်ကုန်တိုင်း​ ​ဒေသကြီး​ရှိ ​ရွှေလုပ်ငန်း​ရှင်​တွေ ​ရွှေ​ရောင်း​ဝယ်ကြတဲ့​အခါ စာရွက်စာတမ်း​ဖြင့်​ ​ပြောင်း​လဲ ​ရောင်း​ဝယ်​နေကြပြီလို့​ မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​က ​ပြောပါတယ်။

ရွှေလုပ်ငန်း​ရှင်အချင်း​ချင်း​ အရင်က နှုတ်ကတိနဲ့​ ​ရောင်း​ဝယ်ရာက​နေ စာရွက်စာတမ်း​နဲ့​ ​ပြောင်း​လဲကျင့်​သုံး​တာဖြစ်ပြီး​ CCTV ကင်မရာနဲ့​လည်း​ မှတ်တမ်း​တင် တပ်ဆင်ထား​ပါတယ်။

မနှစ်က ​ဖေ​ဖော်ဝါရီ အစိုး​ရသစ်မတက်ခင်က အ​ခေါက်​ရွှေ တကျပ်သား​ဈေး​ဟာ ​ခြောက်သိန်း​သုံး​သောင်း​ကျပ် ရှိရာက တနှစ်အကြာ အခုလဆန်း​မှာ ခုနှစ်သိန်း​သုံး​သောင်း​ကျော်ကို တက်ခဲ့​တာ​ကြောင့်​ တကျပ်သား​ကို ကျပ်တသိန်း​ဝန်း​ကျင် ​ဈေး​တက်ခဲ့​ပါတယ်။ ဒါနဲ့​ပတ်သက်လို့​ မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​က ကမ္ဘာ့​ရွှေ​ဈေး​လည်း​ တက်တဲ့​အ​ပေါ် မူတည်​နေတယ်လို့​ ​ဖြေပါတယ်။

မြန်မာ့​ရွှေ​ဈေး​ဟာ လွန်ခဲ့​တဲ့​ တလအတွင်း​ ကျပ်​ငွေသုံး​သောင်း​ကျော် တရိပ်ရိပ် တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ရွှေလုပ်ငန်း​ရှင်များ​အသင်း​ အတွင်း​ရေး​မှူး​ ဦး​ကျော်ဝင်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ရွှေလုပ်ငန်း​ရှင်များ​အသင်း​ က​နေပြီး​တော့​ စာချုပ်စာတမ်း​နဲ့​ပဲ ​ရောင်း​တဲ့​ အစီအစဉ်ကို ဒီ​နေ့​ စတယ်ဆို ဟုတ်လား​။

“မဟုတ်ပါဘူး​ အ​ရောင်း​အဝယ်ဖြတ်ပိုင်း​နဲ့​ လုပ်တာပါ။”

ဘာဖြစ်လို့​ လုပ်တာပါလဲ။

“အဲဒါက​တော့​ အ​ရောင်း​အဝယ်လုပ်တဲ့​အခါမှာ ပိုပြီး​ ​သေချာ​အောင် လုပ်တဲ့​သ​ဘောပါ။”

အရင်တုန်း​က ဆိုလို့​ရှိရင် ​လေအ​ရောင်း​အဝယ်နဲ့​ဆို​တော့​ ပြဿနာတချို့​ တတ်ခဲ့​ဖူး​တယ်ဆိုတာ ဟုတ်လား​။

“ဒါက​တော့​ ရှိပါတယ်။ အရင်တုန်း​က​တော့​ နည်း​နည်း​ပါး​ပါး​တော့​ ရှိပါတယ်။”

အခု​လေ ​ရွှေနဲ့​ပတ်သက်လို့​ ဒီလထဲမှာ မနှစ်တုန်း​က ​ဖေ​ဖော်ဝါရီလမှာ ၆ သိန်း​ ၃ ​သောင်း​ က​နေပြီး​တော့​လေ အခု ​ရွှေ​ဈေး​က ၇ သိန်း​ ၃ ​သောင်း​ဆို​တော့​ ၁ သိန်း​လောက် ဘာဖြစ်လို့​ ခုန်တက်သွား​တာလဲ။ ဘာဖြစ်လို့​ ဒီတနှစ်အတွင်း​မှာ တက်သွား​တာလဲ။

“ကမ္ဘာ့​ဈေး​တက်လို့​။”

အခု​လော​လောဆယ် ဘယ်​ဈေး​ပေါက်​နေပါသလဲ။

“အခု​လော​လောဆယ် ၇ သိန်း​ ၄ ​သောင်း​လောက်​တော့​ ရှိပါတယ်။”

ဂျာနယ်​တွေမှာ ​ရေး​တယ်။ ဒီ ​ဖေ​ဖော်ဝါရီလအတွင်း​မှာ ​ရွှေ​ဈေး​က ၄ ​သောင်း​လောက် ခုန်တက်သွား​တယ်ဆိုတာ ဟုတ်ပါသလား​။

“ဒီလို​တော့​ မဟုတ်ဘူး​ထင်တယ်။ သူ့​ဟာသူ တဖြည်း​ဖြည်း​ ကမ္ဘာ့​ဈေး​တက်လို့​ သူလိုက်တက်တာပါ။”

ရွှေတ​အောင်စ ကမ္ဘာ့​ဈေး​ကလည်း​ ၁၇၅၀ ​လောက်အထိ ဖြစ်​နေတယ်​နော်။

“အခု ​လော​လောဆယ်က​တော့​ ၁၇၃၁ ​ဒေါ်လာ ဖြစ်​နေတယ်။”

အခု​ရွှေ​ဈေး​က ဘယ်အလား​အလာ ရှိပါသလဲ။

“အဲဒါက​တော့​ ကမ္ဘာ့​ဈေး​အ​ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတကာတက်ရင်​တော့​ ဒီမှာ တက်မှာ။ နိုင်ငံတကာ ​ဈေး​ကျရင်လည်း​ ဒီမှာ ကျမှာ။”

အခု ​ရွှေနဲ့​ပတ်သက်ပြီး​တော့​ စာချုပ်စာတမ်း​နဲ့​ဆိုတာက ရိုး​ရိုး​တန်း​တန်း​ တကျပ်သား​ နှစ်ကျပ်သား​ သွား​ဝယ်တဲ့​ ဆိုင်​တွေနဲ့​ မဆိုင်ဘူး​နော်။

“မဆိုင်ပါဘူး​ သူက သူတို့​ ဖြတ်ပိုင်း​နဲ့​ ​ရောင်း​တာပါ။ ဖြတ်ပိုင်း​လေး​နဲ့​ အ​ရောင်း​အဝယ် လုပ်တဲ့​သ​ဘော​ပေါ့​။ ​ရောင်း​သူ ဝယ်သူ နှစ်ဦး​သ​ဘောတူတဲ့​ ​ဈေး​နဲ့​ အ​ရောင်း​အဝယ် လုပ်တဲ့​သ​ဘောပါ။”

ရိုး​ရိုး​တန်း​တန်း​ရွှေဆိုင်​တွေမှာ လုပ်လို့​ရှိရင်လည်း​ အဲဒီ ဖြတ်ပိုင်း​နဲ့​ပဲလား​။

“ရိုး​ရိုး​ရွှေဆိုင်က​တော့​ သူ့​ ​ဘောက်ချာနဲ့​သူ ပုံမှန်​ရောင်း​နေတယ်။”

အခုဟာက ​ရွှေလုပ်ငန်း​ရှင်​တွေ အချင်း​ချင်း​လား​။

“ကျ​နော်တို့​ ရန်ကုန်တိုင်း​အသင်း​တို့​၊​ မန္တ​လေး​တိုင်း​အသင်း​တို့​ အဲဒီလို ဖြစ်မှာပါ။”

အခု​လေ ဘယ်နှ​နေရာမှာ အဲဒီအစီအစဉ်လုပ်​နေပါသလဲ။

“အခု​လော​လောဆယ် ရန်ကုန်မှာ​တော့​ လုပ်ပါတယ်။”

မန္တ​လေး​မှာ​ရော ....။

“မန္တ​လေး​မှာ ​လော​လောဆယ် သူ့​တို့​ဟာသူတို့​ ​ရောင်း​တော့​လည်း​ အဆင်​ပြေ​နေတယ်ဆို​တော့​ ဒီအစီအစဉ်မစ​သေး​ဘူး​။ ဒါက စမ်း​သပ်တဲ့​သ​ဘောပါ။ ကျ​နော်တို့​ စမ်း​သပ်တဲ့​သ​ဘောပါ။”

အခုကျ​နော်တို့​ CCTV ကင်မရာနဲ့​ပါ ရိုက်ထား​တယ်ဆိုပြီး​တော့​တွေ့​လို့​ ဟုတ်ပါသလား​။

“CCTV ကင်မရာက​တော့​ ဒါက​တော့​ အ​ရောင်း​အဝယ်လုပ်​တော့​လည်း​ CCTV ကင်မရာ ရှိ​တော့​ ပို​ကောင်း​တာ​ပေါ့​။”

ရွှေ​ဈေး​အလား​အလာနဲ့​​ ပတ်သက်လို့​ ဦး​ကျော်ဝင်း​ရဲ့​ အမြင်​လေး​ကို ​နောက်ဆုံး​ ​ပြောပြပါလား။

“အဲဒါက​တော့​ သူ့​ကမ္ဘာ​ဈေး​နဲ့​ပဲ သူ့​ဟာသူ ရှိသွား​မှာ​ပေါ့​လေ။ ကမ္ဘာ့​ဈေး​တက်ရင်​တော့​ နည်း​နည်း​တက်မယ်၊​ ကမ္ဘာ့​ဈေး​ကျရင်​တော့​ ဒီမှာ နည်း​နည်း​ကျမှာပဲ​လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013