မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေးမှာ ဇွန်လ ၁၉ ရက်နေ့ နေ့လယ်က တရားမဝင်ကျွန်းတံခါးရွက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ကားလမ်းဘေးမှာ ရပ်ထားတဲ့ အဖြူရောင် ပစ်ကပ်ကား ၂ စီးပေါ်ကနေ ကျွန်းတံခါးချပ် ၁၀၂ ချပ်၊ ကာလတန်ဖိုးကျပ်ငွေ ၁၈ သိန်းဖိုးခန့် သိမ်းဆည်းရမိတယ်လို့ သိမ်ဆိပ်နယ်မြေရဲစခန်း မှတ်တမ်းအရ သိရပါတယ်။
သထုံခရိုင် သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက “ကျွန်းတံခါးချပ်တွေကို ကောက်ရိုးတွေ၊ မြွေရေခွံအိတ်တွေနဲ့ဖုံးပြီး သယ်ဆောင်လာကြတာ။ ကားကို လမ်းဘေးရပ်ထားတဲ့အချိန် မသင်္ကာလို့ စစ်ဆေးတော့မှ ကောက်ရိုးတွေအောက်မှာ ကျွန်းတံခါးချပ်တွေ တွေ့ရတာပါ”'လို့ ပြောပါတယ်။
သိမ်ဆိပ်နယ်မြေရဲစခန်း ယာဉ်မောင်း ကိုရဲဝင်းထွန်းနဲ့ ယာဉ်မောင်ကိုမိုးကျော်တို့ နှစ်ဦးကို သစ်တောဥပဒေပုဒ်မ ၄၃(က) အရ အမှုဖွင့်ထားပါတယ်။
သတင်း - ယူမင်းစိုး











