DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးဆိုဒ်က ကြည့်မယ်ဆိုရင် မလုံခြုံတော့ဘူး - ရဲအုပ် ရဲအောင် (ရုပ်သံ)
DVB
·
June 20, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နဲ့ ထန်းတောရပ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးတွေ အမြောက်အမြား ဇွန် ၁၉ ရက်နေ့ မနက်ပိုင်းက ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့ပါတယ်။

ဆာလာအိတ်တွေထဲ ထည့်ထားတဲ့ 88 နဲ့ 1 အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆးပြားတွေနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့အမှုန့်တွေ ထည့်ထားတဲ့ ဆပ်ပြာခွက် အမြောက်အမြား ဖမ်းဆီးရမိခဲ့တာလို့ မုံရွာရဲစခန်းက သတင်းထုတ်ပြန်ပါတယ်။

ပိုင်ရှင်မဲ့ဖမ်းဆီးမိခဲ့တာဆိုပေမယ့် မုံရွာမြို့မှာ ပမာဏအများဆုံး ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိမှု ပမာဏနဲ့ တန်ဖိုးကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို့ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောပါတယ်။

“ကျနော် တာဝန်ထမ်းဆောင်လာတာတော့ ၁ နှစ်ကျော်သွားပါပြီ။ ကျနော်တို့ကို ပြည်သူလူထုက သတင်းပေးလို့ ဖမ်းရတဲ့ မူးယစ်ဆေးဝါးမှုတွေ ရှိသလို ကိုယ်ကိုယ်တိုင် အသွင်ယူပြီး ဖမ်းခဲ့ရတဲ့ အမှုတွေလည်း ရှိပါတယ်။ တခြား တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးဖမ်းရတဲ့ အမှုတွေလည်း ရှိပါတယ်။ အခု ဖမ်းဆီးရမိတာကတော့ ပိုင်ရှင်စုံစမ်းဆဲပဲ ဆိုပေမယ့် ဒါ ပမာဏအများဆုံးပါပဲ။ ဒီလိုပမာဏအများဆုံး ကျနော့်အပိုင်ထဲမှာ အချိန်မီ ဖမ်းဆီးလိုက်မိတဲ့အတွက် ပထမအချက်ကတော့ ကျနော် ဝမ်းသာတယ်။ ဒုတိယအချက်ကတော့ ကျနော် စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်ကို လတ်တလော မဖော်နိုင်သေးလို့ပါ။ ဒါကိုလည်း ကျနော် ကြိုးစားပြီးဖော်ထုတ်ပါမယ်။ ကျနော့်နယ်မြေထဲမှာ ဒါမျိုးရှိနေတယ်ဆိုတာ လုံခြုံရေးဆိုဒ်က ကြည့်မယ်ဆိုရင် မလုံခြုံတော့ဘူးလို့ သက်ရောက်နေပါတယ်။ ဒီနယ်တဝိုက်မှာရှိတဲ့ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေပေါ့။ အခု ပိုင်ရှင်စုံစမ်းဆဲနဲ့ သိမ်းလိုက်တဲ့ မူးယစ်ဆေးဝါးပမာဏသာ ကျနော်တို့ရဲတွေကို အခု လုပ်ငန်းလုပ်တဲ့သူက မမြင်တွေ့လိုက်ရလို့ သူ့လုပ်ငန်းကြီး အောင်မြင်မယ်ဆိုရင် မတွေးဝံ့စရာပဲ။ ဒီနေ့ ကျနော် ညောင်ကိုင်းဘက်ကို သွားရင်းနဲ့ ဒါမျိုး ကျနော်တို့ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို မြင်လိုက်လို့ သူတို့အနေနဲ့ အချိန်မီ မလွတ်နိုင်တော့ဘူးထင်လို့ စွန့်ပစ်လိုက်တဲ့အချိန်မှာ အချိန်မီ သိမ်းဆည်းရမိတဲ့အတွက် ကျနော့်အနေနဲ့တော့ အများကြီး ဝမ်းသာပါတယ်။ ရဲတပ်ဖွဲ့လုပ်ငန်းနဲ့ ပြောရရင်တော့ ကြိုတင်ကာကွယ်တဲ့လုပ်ငန်းကို ရာခိုင်နှုန်းပြည့် မဟုတ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော် ကျနော် အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့သဘောလို့ပဲ ကျနော့်ကိုယ်ကျနော် ခံယူထားပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013