ပဉ္စမအကြိမ် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ညက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဇာတ်ကားတွေအနက် ဒေါ်အောင်ဆန်းစုကြည်ဆုကို “အသွေးအသားဖြင့် တည်ဆောက်သည်” ဇာတ်ကားက ရရှိပြီး၊ မင်းကိုနိုင်ဆုကို “It happened one night in Chinatown” ဇာတ်ကားက ရရှိခဲ့ပါတယ်။
ဟံသာဝတီဦးဝင်းတင်ဆုကိုတော့ “Phyco Zero” က ရရှိခဲ့ပြီး VOA ဆုကို “Deep Inside Her” ဇာတ်ကားက ရရှိပြီး၊ Gender ဆုကိုတော့ “SHE” ဇာတ်ကားက ရရှိပါတယ်။
အခုနှစ် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာက မှတ်တမ်းရုပ်ရှင် ၁၁ ကားနဲ့ ပြည်တွင်းက မြန်မာဒါရိုက်တာတွေ ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုရုပ်ရှင် ၅၄ ကားကို ပြသခဲ့ပါတယ်။










