DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးမှု မဖြစ်ပွားရေး ဆွေးနွေး
DVB
·
June 20, 2017
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းခွင်မှာ လူကုန်ကူးမှု မဖြစ်ပွားရေးအတွက်  မော်လမြိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲအရာရှိတွေနဲ့ ရေလုပ်ငန်းနဲ့ဆက်စပ်သူတွေ မြို့နယ်ငါးလုပ်ငန်းစီးဌာနမှာ ဇွန် ၁၉ ရက်နေ့က  ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ယူနီဆက် မော်လမြိုင်ရုံးခွဲက ဒေါ်မေဇံကျော် အပါအဝင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ရေလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေ၊ ရေလုပ်သား ရှာဖွေလုပ်ကိုင်သူတွေပါ တက်ရောက်ဆွေးနွေးကြပါတယ်။

ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်မှာ အလုပ်ရှင်နဲ့ ရေလုပ်သမားတွေ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေတွေ၊ ရေလုပ်သားတွေရဲ့ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေနဲ့ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ရေးမြို့နယ် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်အတွင်း ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်အထိ လူကုန်ကူးခံရမှု ၈ မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူခဲ့ပြီး ဖြစ်တယ်လို့   ရဲအုပ်ကျော်သူလွင်က ပြောပါတယ်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှတ်တမ်းတွေအရ ကမ်းဝေးငါးဖမ်းလှေ ၂၀၂ စီး၊ ကမ်းနီးငါးဖမ်းလှေ ၃၇၂ စီး တရားဝင်ငါးဖမ်းဆီးခွင့်ပေးထားပြီး ရေလုပ်သားပေါင်း ၄၇၃၂ ဦးက တရားဝင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013