DVB Logo
Home
မြန်မာသတင်း
သစ်တောသယံဇာတများအား ကာကွယ်ရေး နေပြည်တော်တွင် ဆွေးနွေး
DVB
·
June 20, 2017
သစ်တောသယံဇာတများအား ကာကွယ်ရေး နေပြည်တော်တွင် ဆွေးနွေး
1 / 3
Donate to DVB

အာရှဒေသတွင်း REDD+ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ်မှာ ဌာနေ တိုင်းရင်းသားတွေရဲ့ စေ့စပ်ညှိနှိုင်းမှု အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ Horizon Lake View Resort မှာ ဇွန် ၁၉ ရက်နေ့က ကျင်းပပါတယ်။

REDD+ ဆိုတာဟာ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းကို တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက သစ်တော သယံဇာတတွေကို ကာကွယ်ရေး ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ဖို့နဲ့ အကျိုးရှိရှိ အသုံးချဖို့အတွက် ထောက်ပံ့ကူညီတဲ့ မူဝါဒရေးရာ မက်လုံးပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးတင်ထွန်းက “REDD+ လုပ်ငန်းစဉ်များမှာ သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစား ကျဆင်းခြင်းကို တားဆီးကာကွယ်ခြင်း၊ သစ်တောများ ထာဝစဉ် တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းနဲ့ သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်”လို့ ပြောပါတယ်။

ထိုင်း၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံ ဖလှယ်တာတွေကို ၂ ရက်ကြာ ကျင်းပချိန်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013