DVB Logo
Home
မြန်မာသတင်း
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ထူထောင်ခွင့်ရ
DVB
·
February 17, 2012
Donate to DVB

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးတွေ ဆောင်ရွက်နိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တည်ထောင်ခွင့် လျှောက်ထားရာမှာ ပါတီထူထောင်ခွင့် ရပြီလို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စာပို့လာတယ်လို့ ပါတီပြောခွင့်ရ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

“ကော်မရှင်ကနေတဆင့် မဟာအောင်မြေမြို့နယ် ကိုစောဝင်းထွဋ်ဆီ စာပို့လာတယ်။ တလအတွင်း ကျအောင် လုပ်ပေးတာပါ။ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကျလာတယ်။ ”

တိုင်းလိုင်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (တီအန်ဒီပီ) ကို ထူထောင်ခွင့်ရဖို့ ပါတီဝင် ၁၈ ဦးက ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ   လျှောက်ထားခဲ့တယ်။ ပါတီထူထောင်ခွင့် ရပြီးတဲ့နောက် ဆက်လက်ပြီး ပါတီအလံ၊ ပါတီအမှတ်တံဆိပ်နဲ့ မူဝါဒတွေကို ထပ်ပြီးတင်ပြရမယ်လို့ ဆိုပါတယ်။

ရက် ၃၀ အတွင်း ကော်မရှင်ကို ပြန်တင်ရမှာမို့ တပတ်အတွင်း ပါတီအစည်းအဝေး ခေါ်မယ်၊ ရုံးချုပ်ဖွင့်ဖို့ နေရာရွေးမယ်၊ အဖွဲ့င်သစ်တွေ ထပ်ပြီးစုဆောင်းမယ်လို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

“ကျနော်တို့ပါတီမှာ ကျနော်တို့ နာမည် မှည့်ထားပေမယ့်လည်း ကျနော်တို့ ဒီ မြန်မာပြည် မြောက်ပိုင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး အားလုံအတွက်ကို အဓိကပြီး လုပ်ပေးမှာပါ။ လူမျိုးတိုင်း လူ့အခွင့်အရေး တန်းတူရရှိဖို့အတွက် ကြိုးစားပြီး ဆောင်ရွက်သွားကြမှာပါ။ နောက်ပြီးတော့ ကျနော်တို့ နယ်မြေဒေသမှာ အခုဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးတွေ တအားပျက်စီးနေတယ်လေ။ ကျနော်တို့ ၂၈ ရက်နေ့ လွှတ်တော်မှာ ဝန်ကြီး ဦးခင်မောင်မြင့်ကနေ လမ်းတွေပြင်နေတယ်လို့ ပြောထားတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ လုံးဝ လမ်းတွေ မပြင်ပါဘူး။ အဲဒီကိစ္စတွေ ပြင်လာအောင် ကျနော်တို့တွေ တွန်းအားပေးသွားမယ် ပါတီအနေနဲ့ပေါ့။”

ပါတီအမည်က တိုင်းလိုင် ( ရှမ်းနီ ) ပါတီလို့ ဆိုပေမယ့်လည်း ရှမ်းလူမျိုး တခုတည်းအတွက် မဟုတ်ဘဲ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာရှိတဲ့  တိုင်းရင်းသားလူမျိုး အားလုံး အခွင့်အရေးအတွက်   ဆောင်ရွက်သွားမယ်လို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးတွေဟာ  မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ကလေးမြို့နယ်နဲ့ ကချင်ပြည်နယ်  မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် စတဲ့ ခရိုင်တွေမှာ ပျံ့နှံ့နေထိုင်ပြီး  လူဦီးရေ ၂ သန်းလောက်  ရှိမယ်လို့ ရှမ်းသမိုင်း သုတေသီတွေက ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013