ရုရှားနိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်စကိုမြို့မှာ မြေအောက်ရထားနဲ့ Smolenskaya ဘူတာမှ Ploshchad Revolyutsii ဘူတာသို့ လိုက်ပါစီးနင်း လေ့လာခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနဲ့ စစ်သံရုံးမိသားစုတွေနဲ့လည်း မနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို တတ်ကျွမ်းအောင် လေ့လာဖို့၊ တဦးနဲ့ တဦး ညီညီညွတ်ညွတ်ရှိကြဖို့နဲ့ မြန်မာစိတ်ဓာတ်မွေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး










