DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 19, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၁၅,၀၀၀ ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၆၁၉,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ၁ ပိဿာကို ငွေကျပ် ၈၅၀ ကနေ ၁,၃၅၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေး ရှိပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲပုတ်(ဗမာ)
ပဲပုတ်(ဗမာ)ကတော့ ၁ အိတ်ကို ငွေကျပ် ၈၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၉၅၀ ကနေ ၂၀၀၀ ကျပ် ရှိပါတယ်။

ကုလားပဲလုံး v2
ကုလားပဲလုံး v2 ကတော့ ၁ တင်းကို ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

စီပီပြောင်း
လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၄၃၀ ကနေ ၄၆၅ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013