DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်ကောင် အနုကြမ်းစီးမှု ၁၂ နာရီအတွင်း ဖမ်းဆီးရမိ
DVB
·
June 19, 2017
Donate to DVB

ဇွန်လ ၁၈ ရက်နေ့ နေ့လယ်က ရန်ကုန်မြို့လယ်မှာ အနုကြမ်းစီး လုယက်သူတွေကို ၁၂ နာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောက်တံတားမြို့နယ်၊ ၃၃ အထက်လမ်းမှာ ရှိတဲ့ MK Travels & Tour လေယာဉ် လက်မှတ်အရောင်းဌာနမှာ အမျိုးသမီးတယောက်တည်း ရှိနေချိန် လူနှစ်ယောက်က လုယက်ခဲ့တာပါ။

မမိုးပွင့်ဖြူရဲ့ လက်ဝတ်ရတနာတွေအပြင် ကုမ္ပဏီပိုင် ငွေကျပ် သိန်း ၇၀ လောက် ပါသွားပြီး ကျောက်တံတားမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၄၁ နဲ့  အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီအရောင်းဌာနမှာ ဝန်ထမ်း ၃ ယောက်ပဲ ရှိပြီး  မြတ်သီဟထွန်း(ခ)သီဟ ဆိုသူဟာ အဲဒီနေ့က အလုပ်မဆင်းတဲ့အပြင်  CCTV မှတ်တမ်းပါ ကျူးလွန်သူနဲ့ တူနေလို့ အဲဒီနေ့ ညနေမှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ခေါ်ယူစစ်မေးခဲ့ပြီး ဒီအမှုကို သူငယ်ချင်းဖြစ်တဲ့ ဇွဲမာန်ဦးနဲ့ ကျူးလွန်ခဲ့တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်တဲ့ ဇွဲမာန်ဦးကို ဇွန်လ ၁၉ ရက်နေ့ မနက် ၁ နာရီမှာ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက် နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး လုယက်ယူဆောင်သွားတဲ့ စိန်လက်စွပ် ၁ ကွင်း၊ Mc ဟန်းချိန်းတခုနဲ့ ငွေစက္ကူရောရာ ၄,၅၇၂,၃၀၀ ကျပ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013