DVB Logo
Home
မြန်မာသတင်း
အင်းတော်ရဲတပ်ဖွဲ့က မူးယစ်ဆေးသတင်းအရ နေအိမ်ကို ဘယ်လို ၀င်ရောက်ဖမ်းဆီးခဲ့သလဲ (ရုပ်သံ)
DVB
·
June 19, 2017
Donate to DVB


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မန်လည်ကျေးရွာရှိ နေအိမ်တလုံးမှာ ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်က မူးယစ်ဆေးဝါးတွေ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူ ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။

ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က အင်းတော်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်အောင်နဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ မန်လည်ကျေးရွာနေ အောင်ကျော်ဆန်း နေအိမ်ကို မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၃၅/၂၀၁၇) နဲ့ ဝင်ရောက်ရှာဖွေခဲ့တာပါ။

ဝင်ရောက်ရှာဖွေရာ အိမ်ရှင်အောင်ကျော်ဆန်းမှာ နေအိမ်ပေါ်မှ ခုန်ချဆင်းပြီး နေအိမ်နောက်ဖေး အိမ်သာအတွင်း ပြေးဝင်သွားရာ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

အောင်ကျော်ဆန်း ဝတ်ဆင်ထားတဲ့ ပန်းရောင်ရှပ်အင်္ကျီ လက်တိုအိတ်ကပ်အတွင်းက ဘိန်းဖြူ ဖြူ/ဝါ စပ်ကြားမှုန့် (၀ ဒသမ ၂) ဂရမ်ခန့်ပါ ပလတ်စတစ်ဘူး ၁ ဘူး၊ ဘိန်းဖြူ ဖြူ/ဝါ စပ်ကြားမှုန့်တွေ ထည့်ထားတဲ့ အလေးချိန် (၀ ဒသမ ၁) ဂရမ် မီးခိုရောင် ဂတ်(စ်)မီးခြစ် အပိုင်းအပြတ် ၁ ခု၊ စုစုပေါင်း ဘိန်းဖြူ (၀ ဒသမ ၃) ဂရမ်ခန့် ကာလတန်ဖိုး ၃၀၀၀၀ ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်၊ မန်လည်ကျေးရွာနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အောင်ကျော်ဆန်း (၃၈ နှစ်) ကို အင်းတော်မြို့မရဲစခန်းက မယ(ပ)၄၇/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ) အရ အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်းရုပ်သံ - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013