DVB Logo
Home
မြန်မာသတင်း
ပြည်သူကိုပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းစကား (ရုပ်သံ)
DVB
·
June 19, 2017
ပြည်သူကိုပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းစကား (ရုပ်သံ)
Donate to DVB



ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့က လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအဆောင် I-12 မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့မှာ ပြည်သူတွေကို မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သမ္မတကတော် ဒေါ်စုစုလွင်နဲ့ ဒေါက်တာတင်မျိုးဝင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဆုတောင်းစကားတွေ အသီးသီး ပြောကြားခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းစကား

“ခပ်တိုတိုပဲ ပြောချင်တယ်။ လူတိုင်း စိတ်ချမ်းချမ်းသာသာနဲ့ နေချင်ကြတာပါပဲ။ အဲဒီတော့ ကိုယ်စိတ်ချမ်းသာချင်သလို လူများတွေ စိတ်ချမ်းသာအောင်လည်း ဝိုင်းပြီးလုပ်ကြပေါ့။ ငြိမ်းချမ်းရေး အပါအဝင်ပေါ့။ အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေပေါ့။”

ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဦးထင်ကျော်ဇနီး ဒေါ်စုစုလွင်ရဲ့ မွေးနေ့ဆုတောင်း

“အစ်မ ကြိုးပမ်းနေတဲ့ အရာအားလုံး အောင်မြင်ပါစေ၊ အစ်မ သက်တော်ရာကျော်ရှည်ပြီး ကျန်းကျန်းမာမာနဲ့ ကျမတို့ တိုင်းကျိုးပြည်ကျိုးအတွက် ဆထက်ထမ်းပိုးလို့တောင် မပြောချင်ပါဘူး။ အစွမ်းကုန်လုပ်နေတဲ့အတွက်ကြောင့် အားလုံးအောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်၊ ဆုတောင်းပါတယ်။ ကျမ နေ့စဉ်ဆုတောင်းတာပါ။”

ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းရဲ့ မွေးနေ့ဆုတောင်း

“ပါရမီအားလုံးကို ဖြည့်နိုင်ပြီးတော့ အများအကျိုးအတွက် တိုင်းပြည်တင်မဟုတ်ပါဘူး၊ တကမ္ဘာလုံးအတွက်ပါ စွမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အခု အန်တီလုပ်နေတဲ့ကိစ္စတွေက ကျနော်တို့ တိုင်းပြည်တပြည်တည်းအတွက် မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက်ရော၊ တိုင်းပြည်ဖွံ့ဖြိုးရေးကိစ္စရော၊ ပြည်သူအားလုံးရဲ့ ကျန်းမာရေး၊ ပညာရေးကအစ အားလုံး လူမှုရေး၊ စီးပွားရေး လုပ်နေရတာဖြစ်ပါတယ်။ ဒါတင်မကဘူး ပိုကောင်းတာတခုက အန်တီ ဦးဆောင်တဲ့ အစိုးရဆိုတာက ပြည်သူလူထု ရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့ ရွေးထားတဲ့အစိုးရ ဖြစ်ပါတယ်။ ဒါကြောင့် အန်တီက မြန်မာပြည်တင်မက ကမ္ဘာမှာရှိသူတွေအားလုံးအတွက် အကျိုးပြုနေကျ အမျိုးသမီး အသက်ရှည်ရာကျော်၊ ပညာ၊ ဂုဏ် အားလုံး ကျန်းမာချမ်းသာခြင်း ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013