DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်​ဆန်းစုကြည်၏ ၇၂ မြောက် မွေး​နေ့ မြင်းခြံတွင်​ ပြုလုပ် (ဓာတ်ပုံ)
DVB
·
June 19, 2017
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့ပွဲကို ဒီနေ့မနက်ပိုင်းက မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြပြိး သံဃာ ၅ ပါးကို နေ့ဆွမ်း ကပ်လှူခဲ့ကြပါတယ်။

“ကျနော်တို့က အမေစုဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ်လိုပဲ ယူဆတယ်လေ။ အမေစု ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်နိုင်ဖို့အတွက် အမေစုအသက်ရှည်ဖို့အတွက် ကျနော်တို့ ခရိုင် မြို့နယ် လူငယ် ရပ်/ကျေး ခေါင်းဆောင်တွေ အားလုံး စုပေါင်းလုပ်တဲ့ပွဲပါ။ မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ ဒီခေါင်းဆောင် အသက်ရှည်မှ ငြိမ်းချမ်းရေးရမှာလို့ ယူဆလို့ အသက်ရှည်ပါစေကြောင်း ဆုတောင်းတဲ့ ပွဲလေးဖြစ်ပါတယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောပါတယ်။

သတင်း - ဓာတ်ပုံ ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013