DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ပစ်သတ်ခံရသူ ထိုင်းနိုင်ငံသားဟု ထိုင်းရဲပြော
DVB
·
June 19, 2017
တာချီလိတ်တွင် ပစ်သတ်ခံရသူ ထိုင်းနိုင်ငံသားဟု ထိုင်းရဲပြော
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် ညက တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ထဲမှာ အမည်မသိ သေနတ်သမားက လာရောက်ပစ်ခတ်လို့ သေဆုံးသွားသူဟာ ထိုင်းနိုင်ငံသားတဦး ဖြစ်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၄၆ နှစ်ရွယ်ရှိ အဲဒီထိုင်းအမျိုးသားဟာ ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်ကဖြစ်ပြီး သူဟာ မယ်ဆိုင် အမှတ်-၁ ချစ်ကြည်ရေးတံတားကတဆင့် နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ မြန်မာပြည်ထဲကို ဝင်သွားရာမှာ ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလကနေ ဇွန်လအထိ အကြိမ်ပေါင်း ၂၇ ကြိမ် အဝင်အထွက် လုပ်ခဲ့တယ်လို့ နယ်စပ် လဝကအရာရှိတဦးက သတင်းထောက်ကို ပြောပါတယ်။

သူပစ်သတ်ခံရမှုဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် ညက မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းအုပ်စု ဖာမီကျေးရွာတွင်း ထိုင်းစစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေး အလုံးရေ ၂ သန်းကျော်နဲ့ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း၊ ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်ကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်မယ့်ကိစ္စ မအောင်မြင်တာကြောင့် ပစ်သတ်သွားတာ ဖြစ်နိုင်တယ်လို့ အဲဒီအရာရှိက သုံးသပ်ခန့်မှန်းပါတယ်။

တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း သေနတ်ပစ်ခံရသူမှာ တာချီလိတ်က မဟုတ်ကြောင်း၊ သူဟာ အဲဒီတိုက်ခန်းမှာ မကြာခင်ကမှ လာရောက်ငှားရမ်းနေထိုင်ပြီး သူ့အလုပ်အကိုင်က ဘာလဲဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။

စိုင်းတီလို့ခေါ်တဲ့ သူဟာ ၁၇ ရက် ညက အိမ်ထဲမှာရှိနေတုန်း ဖုန်းဝင်လာလို့ အပြင်ထွက် ဖုန်းပြောနေစဉ် မျက်နှာဖုံးစွပ် ဆိုင်ကယ်သမားတဦးက သေနတ်နဲ့ ၈ ချက် ပစ်ခတ်သွားခဲ့တာလို့ သူနဲ့အတူနေ အမျိုးသမီးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်ရဲစခန်း တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013