ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ရေးမြို့တွင် သစ်ပင်စိုက်ပျိုး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၂ နှစ်ပြည့်မွေးနေ့ အထိမ်းမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို မွန်ပြည်နယ်၊ ရေးမြို့ အာဇာနည်ဗိမာန် ဘေးဝဲယာ ဘေးတလျှောက်လုံးမှာ ဇွန် ၁၉ ရက်နေ့ မနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်နဲ့ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့ဝင်တွေ၊ ဖိတ်ကြားထားသူတွေ၊ အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေ စုပေါင်းပြီး ကျွန်း၊ မဟော်ဂနီ၊ သင်္ကန်း၊ ပိတောက်၊ ကံ့ကော်၊ ယူကလစ်၊ မန်ဂျန်ရှား စုစုပေါင်း သစ်ပင် ၄၇၂ ပင် စိုက်ပျိုးခဲ့ကြပါတယ်။
"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့် အထိမ်းအမှတ်မှာ ‘မြန်မာပြည်တဝန်း အစိမ်းရောင်လွှမ်းဖို့ သစ်ပင်စိုက်ပျိုးကြပါစို့’ ဆောင်ပုဒ်နဲ့အညီ သစ်ပင်စိုက်ပျိုးတော်ပွဲတော်ကို ကျင်းပတာ"လို့ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။
အခုနှစ် ရေးမြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်မှာ ကျွန်းပင် ၃၅၀၀ အပါဝင် တခြားသစ်ပင်ပျိုးပင်ပေါင်း ၂ သောင်းကျော်ကိုလည်း ထပ်မံစိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်(ရေး)











