DVB Logo
Home
မြန်မာသတင်း
ပျက်ကျ တပ်မတော်လေယာဉ်မှ Black Box ရှာဖွေတွေ့ရှိ (ရုပ်သံ)
DVB
·
June 19, 2017
ပျက်ကျ တပ်မတော်လေယာဉ်မှ Black Box ရှာဖွေတွေ့ရှိ (ရုပ်သံ)
Donate to DVB

ပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တဲ့ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 မှ လေယာဉ်ပျံသန်းမှု အချက်အလက် မှတ်တမ်းတင်ကိရိယာ Black Box ကို ရှာဖွေတွေ့ရှိပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်းက လေယာဉ်အမြီးပိုင်းကို လေအိတ်တွေသုံးပြီး  ရေမျက်နှာပြင်ပေါ် မတင်ဆယ်ယူခဲ့ရာမှာ ညနေ ၃ နာရီခွဲမှာ ရေယာဉ်ပေါ်ကို တင်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လေယာဉ်အမြီးပိုင်းမှာ FDR - Flight Data Recorder (Black Box) နဲ့ CVR - Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၇ ရက်က ပျက်ကျသွားတဲ့ တပ်မတော်လေယာဉ်ရဲ့ အမြီးပိုင်းနဲ့အတူ စုစုပေါင်း ရုပ်အလောင်း ၉၂ လောင်းကို လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်နေဆောင်နေဆဲ ဖြစ်ပါတယ်။

ရုပ်သံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013