DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
June 19, 2017
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပ (သတင်းဓာတ်ပုံ)
1 / 24
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲတွေကို  ဇွန်လ ၁၉ ရက် မနက်ပိုင်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပါတီဝင်တွေက ကျင်းပပါတယ်။

ရန်ကုန် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်မှာ မွေးနေ့အထိမ်းအမှတ်အဖြစ် ရှင်အပါး ၁၀၀ နဲ့ သီလရှင်အပါး ၅၀ ကို ဆွမ်းဆန်လောင်းလှူတာနဲ့ စတုဒီသာ ကျွေးမွေးတာတွေလည်း ပြုလုပ်နေပါတယ်။

မွေးနေ့ကို အန်အယ်လ်ဒီနာယက ဦးတင်ဦး ကျန်းမာရေးအရ မတက်ရောက်နိုင်ပေမယ့် ရန်ကုန်မြို့တော်ဝန်နဲ့ လူမှုရေးဝန်ကြီးတို့ တက်ရောက်ဖို့ရှိပါတယ်။

ဒီနှစ်မှာတော့ အန်အယ်လ်ဒီ ရန်ကုန်တိုင်းလူငယ်တွေ ဦးစီးပြီး ပြင်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လူပေါင်း ၈၀၀ က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ် ရန်ကုန်ဆေးရုံကြီးမှာ စုပေါင်း သွေးလှူဒါန်းဖို့ အစီအစဉ်လည်း ရှိပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း သံဃာတော်တွေကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သလို သမိုင်းမှတ်တမ်းဓာတ်ပုံနဲ့ ပန်းချီပြပွဲ၊ ကဗျာရွတ်ပွဲနဲ့ တိုင်းရင်းသား အကပဒေသာ ဖျော်ဖြေပွဲတွေလည်း ပြုလုပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အလှူကို မြို့နယ်အသီးသီးက ပါတီကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ လာရောက်လှူဒါန်းသူ ပြင်ပအလှူရှင်တွေရဲ့ ငွေကြေးနဲ့ပြုလုပ်တဲ့ မွေးနေ့အလှူလို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - လေးလေးမွန်၊ အောင်အောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013