DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် လူသတ် အလောင်းဖျောက်မှု ဖြစ်ပွား
DVB
·
June 18, 2017
တနင်္သာရီတွင် လူသတ် အလောင်းဖျောက်မှု ဖြစ်ပွား
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာရှိ ဥယျာဉ်ခြံအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားတဦးအား သတ်ဖြတ်ပြီး အလောင်းဖျောက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မောတောင် ရဲစခန်းရုံးက ပြောပါတယ်။

သိန်ခွန်းကျေးရွာအနီးရှိ အရှေ့တောင်ဘက် ၆ မိုင်လောက်အကွာမှာ အခု ဇွန်လ ပထမအပတ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ အခိန်း အသက် ၄၅ နှစ် ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ဥယျာဉ်ခြံလုပ်ကိုင်နေသူ တရွာတည်းနေ နာလီး (ခ) နိုင်ဦးနဲ့ အခိန်းတို့ လူမှုရေးကိစ္စကြောင့် စကားများ ခိုက်ရန်ဖြစ်ပွားရာမှာ နာလီးက အသင့်ပါလာတဲ့ ကိုင်းခုတ်ဓားနဲ့ အခိန်းရဲ့ လည်ပင်ကို ခုတ်ခဲ့တာလို့  မောတောင် ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။

ဒီနောက်မှာတော့ အခိန်း၏အလောင်းအား အခင်းဖြစ်နေရာနဲ့ ပေ ၉၀ လောက်ရှိ တောင်ခြေဝါးရုံတောအတွင်း မြှုပ်နှံထားခဲ့ကြောင်း နာလီးရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့ ဆိုပါတယ်။

အခိန်းပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် နားလီကို ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ ဒီနေ့မှာတော့ အလောင်းအား ပြန်လည်တူးဖော်ခဲ့ပြီးပြီလို ဆိုပါတယ်။

မောတောင်ရဲစခန်းက နာလီး (ခ) နိုင်ဦး (၃၁) နှစ်ကို ရာဇာသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013