DVB Logo
Home
မြန်မာသတင်း
ကိုယ်ပိုင်အထက်တန်းကျောင်းများကြောင့် ကရင်ပြည်နယ် အောင်ချက်မြင့်မားဟု ပြော
DVB
·
June 18, 2017
ကိုယ်ပိုင်အထက်တန်းကျောင်းများကြောင့် ကရင်ပြည်နယ် အောင်ချက်မြင့်မားဟု ပြော
Donate to DVB

ကရင်ပြည်နယ်မှာ အောင်ချက် ၂ ဒသမ ၃၂ ရာခိုင်နှုန်း တိုးတက်မြင့်မားလာတာ ကိုယ်ပိုင်အထက်တန်းကျောင်းတွေရဲ့ အောင်ချက် မြင့်မားလာတဲ့အတွက်ကြောင့်လို့ ပြည်နယ်ညွှန်ကြားရေးမှူးက ပြောပါတယ်။

ပြည်နယ်ပညာရေးမှူး ဦးစိုးမြင့်က “ကိုယ်ပိုင်အထက်တန်းကျောင်းတွေက အောင်ချက်မြင့်မားလာတဲ့အတွက်ကြောင့် ပြည်နယ်က အောင်ချက်မြင့်မားလာတယ်။ တဖက်တလမ်းက အောင်ချက်မြင့်မားရေးမှာ အထောက်အကူဖြစ်တာပေါ့။ ဒီလောက်ကလေးနဲ့တော့ မတင်းတိမ်နိုင်ဘူးလေ။ သူများတွေကို အမီလိုက်ဖို့ရှိသေးတာပေါ့။ အောင်ချက်ကောင်းအောင် ဆရာကြီးတို့တွေ ပြန်ပြီးတာ့ ကြိုးစားကျရဦးမှာ။ ဆရာ ဆရာမတွေရဲ့ သင်ပြတဲ့အပိုင်းတွေ၊ ကလေးတွေရဲ့ သင်ယူလိုစိတ်အပိုင်းတွေ ဒီဘက်အပိုင်းတွေမှာ ကောင်းအောင်လို့ ပြန်လုပ်ရဥိးမှာ။ သင်ယူလိုစိတ်လေးတွေ များများရှိလာမယ်ဆိုရင်တော့ ဒီထက်မက ပိုပြီးတော့ အောင်မြင်လာမယ်လို့ ဆရာကြီးအနေနဲ့ ယူဆပါတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုသူဦးရေ ၁၆၀၃၁ ဦး၊ အောင်မြင်သူ ၄၇၂၅၊ ၆ ဘာသာ ၁ ဦး၊ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၂၂ ဦး၊ ၃ ဘာသာ ၄၉ ဦး၊ ၂ ဘာသာ ၁၄၁ ဦး၊ ၁ ဘာသာ ၈၁၄ ဦး၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူပေါင်း ၁၀၃၁ ဦးရရှိခဲ့ပါတယ်။

အောင်ချက်အနေနဲ့ ၂၉ ဒသမ ၄၇ ရာခိုင်နှုန်းရရှိပြီး၊ တိုင်းနဲ့ပြည်နယ်အလိုက် ၁၉ ခုမှာ အဆင့် ၁၄ ရရှိခဲ့ပါတယ်။

ဘားအံမြို့မှာ ကိုယ်ပိုင်အထက်တန်းကျောင်း ၅ ကျောင်းရှိပြီး၊ မြို့နယ်အလိုက်အောင်မြင်မှုအနေနဲ့ ကြာအင်းဆိပ်ကြီးက ပထမ၊ ဘားအံက ဒုတိယ၊ လှိုင်းဘွဲ့က တတိယရရှိတယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013