DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာယောဂနေ့ မြိတ်တွင် ပထမဆုံးအကြိမ် ကျင်းပ
DVB
·
June 18, 2017
အပြည်ပြည်ဆိုင်ရာယောဂနေ့ မြိတ်တွင် ပထမဆုံးအကြိမ် ကျင်းပ
1 / 5
Donate to DVB

အပြည်ပြည်ဆိုင်ရာယောဂနေ့ (International Day of Yaga) ကို မြိတ်မြို့မှ ယောဂကျင့်စဉ်လိုက်စားနေသူတွေက ဇွန်လ ၁၈ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲကျင်းခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာယောဂနေ့ကို မြိတ်မြို့မှာရှိတဲ့ ယောဂကျင့်စဉ်အားလိုက်စားနေသူများက လေဆိပ်အနီးမှာ စုပေါင်းကျင်းပခဲ့ကာ ကျင့်စဉ်သရုပ်ပြကွက်တွေကို စုပေါင်းပြသခဲ့ကြပါတယ်။

ဒီပွဲကို မြိတ်မြို့မှာ အခုနှစ် ပထ မဆုံးအကြိမ် စတင်ဆင်နွှဲခဲ့တာဖြစ်ပြိး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရန်ကုန်မြို့မှ ဇွန်လ ၂၁ ရက်နေ့ ကျင်းပသွားမယ်လို့ ယောဂကျင့်စဉ်နည်းပြ ဒေါ်ရှင်ဌေးက ပြောပါတယ်။

“တစ်ကမ္ဘာလုံး အသိမှတ်ပြုထားတာက ဇွန်လ ၂၁ ရက်နေ့ပါ။ မြိတ်မြို့မှာတော့ ဒီနှစ်ပထမဆုံးပြုလုပ်တာပါ။အရင်က မကျင်းပဖူးပါဘူး။ ဒီနှစ်မှ ကိုယ့်ဒေသမှာ သင်တန်းသားတွေနဲ့အတူ ကျင်းပခဲ့တာပါ။ တနိုင်ငံလုံးအတိုင်းအတာမှာလည်း ဇွန် ၂၁ ရက်နေ့ ကျင်းပမှာပါ။ မြန်မာနိုင်ငံရဲ့နေရာအတော်များများမှာ ဒီနှစ်ကျင်းပမှာပါ။ ပထမနဲ့ ဒုတိယနှစ်တွေမှာ ရန်ကုန်နဲ့မန္တလေးမှာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ တိုင်းဒေသကြီှးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ယောဂဆရာ/မတွေက ဦးဆောင်ပြီး ကျင်းပကြတာဖြစ်ပါတယ်။”

ယောဂကျင့်စဉ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ စတင်ပေါ်ပေါက်လာပြီး ၂၀၁၄ ခုနှစ်မှာ ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာယောဂ နေ့ကို အတည်ပြုပေးခဲ့ကြောင်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာယောဂနေ့ကို နိုင်ငံတကာမှာ ကျင်းပလာခဲ့တာ ၃ နှစ်မြောက်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံရှိ နယ်မြို့တွေမှာတော့ အခုနှစ်မှာ စတင်ကျင်းပလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013