DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စံချိန်တင်ရေကြီးနေ၊ စိုးရိမ်ရေမှတ်ထက် မြင့်တက်
DVB
·
June 18, 2017
ဖားကန့်တွင် စံချိန်တင်ရေကြီးနေ၊ စိုးရိမ်ရေမှတ်ထက် မြင့်တက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်ရပ်ကွက်တချို့နဲ့ လုံးခင်းမှာ ဒီနေ့မနက်က စပြီး ရေကြီးနေလို့ လူတွေကို ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။

“ကျနော့်အိမ်ဆိုရင် အရင်က အောက်ထပ်ကို ရေဝင်တာ သိပ်မရှိဘူး။ အခုက ပေါင်လောက်အထိရေဝင်နေပြီ” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ်အတွက်တော့ ဒုတိယအကြိမ် ရေကြီးတာဖြစ်ပြီး အရင်နှစ်တွေကထက် စံချိန်တင်ရေကြီးတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ၂၀၁၄၊ ၁၅ တွေတုန်းကထက် ပိုတာပေါ့။ ၁ ပေ၊ ၂ ပေလောက် ပိုနိုင်တယ်။ သေချာတော့ မသိရသေးဘူး။ အခု အနိမ့်ပိုင်းက လူတွေကို ကယ်ဆယ်ရေး လိုက်လုပ်နေလို့ပါ” လို့ ဒေသခံ ဦးမြင့်သောင်းက ပြောပါတယ်။

လက်ရှိမှာတော့ အနိမ့်ပိုင်းနေရာက လူတွေကို မြို့နယ် ဓမ္မာရုံအပါအဝင် နေရာသုံးခုမှာ ပြောင်းရွှေ့ပေးထားတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့ပေါ်မှာကတော့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနဲ့ ငရှီကထောင်ရပ်ကွက်တွေမှာ ရေကြီးနေတာပါ။

“လက်ရှိမှာတော့ စိုးရိမ်ရေမှတ်ထက် တစ်ပေကျော် ပိုနေပါပြီ။ ရေတက်တာကတော့ တန့်နေတယ်။ မိုးရွာရင်တော့ ထပ်တက်မှာပဲ” လို့ ဖားကန့်မြို့နယ် အန်အယ်လ်ဒီက ဦးခင်မောင်ချင်းက ပြောပါတယ်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကတော့ နေရာကွက်ပြီး မိုးသည်းနိုင်တဲ့ ဒေသတွေမှာ ကချင်ပြည်နယ်  အရှေ့တောင်ပိုင်းပါနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013