DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် တရားမ၀င် ကျွန်းတံခါးရွက် ၄၁ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
June 18, 2017
ကျိုက်ထိုတွင် တရားမ၀င် ကျွန်းတံခါးရွက် ၄၁ သိန်းကျော်ဖိုး ဖမ်းမိ
Donate to DVB

ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ တရားမဝင် ကျွန်းတံခါးတွေ တင်ဆောင်လာတဲ့ ကွန်တိန်နာယာဉ်တစီးကို ဇွန် ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထို မြို့မရဲစခန်းက ပြောတယ်။

တရားမဝင်သစ်တွေ တင်ဆောင်လာတယ်လို့ သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ဇော်မျိုးလွင်ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ သက်သေလူကြီးတွေနဲ့အတူ စောင့်ဆိုင်းနေချိန် ပဲခူးကနေ ကျိုက်ထိုကို ယာဉ်မောင်း ချမ်းမြေ့အောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်နိုင်ဝင်း လိုက်ပါလာတဲ့  ၆ ဘီးယာဉ်ကို စစ်ဆေးရာ တရားမဝင်ကျွန်းတံခါးရွက် ၅၄၉ ချပ်၊ ကာလတန်ဖိုး ကျပ် ၄၁၉၈၁၀၀ လောက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထို မြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က "ကွန်တိန်နာကားပေါ်မှာ ကျွန်းတံခါးရွက် တွေတင်လာလို့ စစ်ဆေးကြည့်လိုက်တော့ ကားသမားက ဝေါမြို့နယ်၊ နောင်ပတ္တရာ ကျေးရွာနေ စိုးမင်းဦးဆိုသူက သပြေကန်ကျေးရွာအနီးမှတစ်ဆင့် တင်ဆောင်ပေးခဲ့ခြင်းဖြစ်တယ်" လို့ပြောပါ တယ်။

ကျိုက်ထိုမြို့မရဲစခန်းက ချမ်းမြေ့အောင်၊ အောင်နိုင်ဝင်းနဲ့ စိုးမင်းဦးတို့ သုံးဦးကို အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013