DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့လယ်ခေါင်တွင် လူတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
June 18, 2017
တာချီလိတ်မြို့လယ်ခေါင်တွင် လူတဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့မှာ ဇွန် ၁၇ ရက်ညက မကာဟိုခမ်း ရပ်ကွက်နေသူတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။

ဇွန် ၁၇ ရက်နေ့ ညနေ ၆ နာရီခွဲကျော် ၇ နာရီထိုးခါနီးလောက်က မေတ္တာလမ်းထဲမှာ သေ နတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း တယ်လီဖုန်းနဲ့ အကြောင်းကြားချက်ရရှိတဲ့အတွက် ချက်ချင်း သွားကြည့်ရာမှာ အငှားတိုက်ခန်းတခန်းရှေ့ ပက်လက်အနေအထားနဲ့ သေဆုံးနေသူကို တွေ့ရတာလို့   မကာဟိုခမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူး  စိုင်းခမ်းဟိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်သွားကြည့်တော့ သေနတ်ပစ်ခံရတဲ့လူက သွေးအိုင်ထဲ ပက်လက်အနေအထားနဲ့ လဲနေတာကို တွေရပါတယ်ခင်ဗျ။  ခေါင်းမှာ ၃ ချက်၊ ၀ဲဘက်လက်မှာ ၂ ချက်၊ ကိုယ်မှာ ၁ ချက်ထိ တယ်၊ ပွဲချင်းပြီးသေဆုံးပါတယ်။ အစက သူတို့အိမ်ထဲမှာ ထမင်းစားနေတုန်း ဖုန်းလာတော့ သူက အပြင်ထွက်သွားတယ်၊ ဖုန်းပြောနေတုန်း  အဲဒီမှာ လူတယောက်ဆိုင်ကယ်စီးလာပြီး ပစ်သွားတာ။ အဲဒီလူက ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး မျက်နှာဖုံးလည်း တပ်ထားတယ်တဲ့။ ပစ်သွားတာ ၈ ချက်လောက်ရှိတယ်လို့ အဲဒီနားက လူတွေပြောတယ်။ ကျနော်လည်း မကာဟိုခမ်း  ရပ်ကွက် နယ်ထိန်းရဲကို ချက်ချင်းအကြောင်းကြားလိုက်တယ်။ ခနနေတော့ ရဲတွေလည်း ရောက်လာတယ်၊ နာရေးကူညီမှုအသင်းက ကားလည်းရောက်လာပြီး ဆေးရုံကို သယ်သွားပါတယ်။”

သေဆုံးသူမှာ အသက် ၄၀ ကျော်ရွယ်ရှိ စိုင်းတီဆိုသူဖြစ်ပြီး မေတ္တာလမ်းက တိုက်ခန်းတခန်းမှာ လာရောက်ငှားရမ်းနေထိုင်သူဖြစ်ကြောင်း၊ သူ့ဇာတိ နဲ့ အလုပ်အကိုင်ကိုတော့ မသိရသေးကြောင်း၊ လောလောဆယ် တာချီလိတ်ရဲစခန်းက သူနဲ့အတူနေတဲ့ မိန်းကလေး ၂ ယောက်ကို ခေါ်ယူစစ်ဆေးနေတယ်လို့  သူက ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့နဲ့ မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ မနေ့က ပစ်ခတ်မှုရှိကြောင်း အတည်ပြုပေမယ့် အသေးစိတ်ကိုတော့   တာဝန်ယူဖြေကြားပေးမယ့်သူ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013