DVB Logo
Home
မြန်မာသတင်း
အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ
DVB
·
February 16, 2012
အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ
Donate to DVB

[caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်း​ငြိမ်း​မောင်"][/caption]

အာဏာပိုင်​တွေက တရား​မစွဲပါဘူး​ဆိုတဲ့​ ကတိ​ပေး​ပြီး​ သူ့​ကို ​သေဒဏ်ကျနိုင်တဲ့​ အမှုနဲ့​ တရား​စွဲဆိုထား​တဲ့​အတွက် ​ကေအန်ယူ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေတယ်လို့​ သူ့​ရဲ့​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဗဟို​ကော်မတီဝင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​တော်ပုန်ကန်မှု၊​ မတရား​အသင်း​ ဆက်သွယ်မှု ပုဒ်မနှစ်ခုနဲ့​ စွဲဆိုချက်အ​ပေါ် အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​မှာ ဒီ​နေ့​ ရုံး​ထုတ် စစ်​ဆေး​ပါတယ်။

ဒီက​နေ့​ တရား​ခွင်ကို ​ရောက်ရှိတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က တရား​ခွင်အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။

“ဒီ​နေ့​ ပဒိုမန်း​ငြိမ်း​မောင်ကို စစ်တာ​ပေါ့​ဗျာ။ ပဒိုမန်း​ငြိမ်း​မောင်က ဘာ​ကြောင့်​ ​ကေအန်ယူအဖွဲ့​မှာ လူမျိုး​စုအ​နေနဲ့​ လက်နက်စွဲကိုင် ခုခံရတဲ့​အ​ကြောင်း​ပေါ့​။ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ၊​ ​ကေအန်ယူရဲ့​ သမိုင်း​ကြောင်း​နဲ့​ ချီပြီး​ ယှဉ်ပြီး​တော့​ သူက သက်​သေထွက်ဆိုတယ်ဗျ။ ​နောက်တပတ် ကြာသပ​တေး​နေ့​ကျရင် ကျ​နော်တို့​ပြတဲ့​ သက်​သေ​တွေ၊​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​၊​ ​နေပြည်​တော်က လာတဲ့​ အရာရှိကြီး​တွေ အား​လုံး​ ၈ ​ယောက်​ပေါ့​။ သူတို့​ကိုစစ်ဖို့​ ကျ​နော်တို့​က စာတင်ထား​တယ်။ အဲဒါ​တွေကို တရား​ရုံး​က ​ခေါ်​ပေး​မယ်၊​ မ​ပေး​ဘူး​ဆိုတာကို ကြာသပ​တေး​နေ့​ကျရင် အမိန့်​ချမယ်။ ​ခေါ်​ပေး​မယ်ဆိုရင် ကျ​နော်တို့​ ​စောင့်​ရမှာ​ပေါ့​။ ​ခေါ်မ​ပေး​ဘူး​ဆိုရင် ​နောက်တပတ်မှာ ​လျှောက်လဲချက်​ပေး​ပြီး​ ​နောက်တချိန်း​မှာ အမိန့်​ချမှာဗျာ။”

ဒါ့​အပြင် ဒီလို ငြိမ်း​ချမ်း​ရေး​ကာလမှာ သူ့​ကို ပြစ်မှုကြီး​တွေနဲ့​ တရား​စွဲဆိုတဲ့​အ​ပေါ် စိတ်မကျန်း​မာ​ကြောင်း​ ပဒိုမန်း​ငြိမ်း​မောင်က ​ပြောတယ်လို့ ​ရှေ့​နေဦး​ကြီး​မြင့်​က ဆိုပါတယ်။

“သူ့​ကို တရား​မစွဲပါဘူး​။ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ကူညီပါလို့​ ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ ပဏာမ လက်မှတ်ထိုး​နိုင်ပြီး​။ သူ့​ကို ​ပေး​ထား​တဲ့​ တရား​မစွဲပါဘူး​ ဆိုတဲ့​ ကတိကို ချိုး​ဖျက်ပြီး​တော့​ သူ့​ကို အခုလို ​သေဒဏ်ထိုက်​စေတဲ့​ အမှု​တွေနဲ့​ ရုံး​တင် စစ်​ဆေး​နေတဲ့​ အ​ပေါ်မှာ​တော့​ သူ့​ကို လိမ်လည်ခံရတယ်။ သူ့​အ​ပေါ်မှာ ကတိ​ဖောက်ဖျက်ခြင်း​ ခံရတယ်လို့​ ခံစား​ရတဲ့​ အတွက်​ကြောင့်​မို့​လို့​ စိတ်မကျန်း​မာဘူး​ပေါ့​ဗျာ။ အဲဒါကလည်း​ ကျ​နော့်​ကို အဲဒီ့​လို ​ပြောပြပါဗျာတဲ့​ စိတ်မကျန်း​မာဘူး​တဲ့​ အဲဒီလို ​ပြောတယ်။ ပြီး​တော့​လည်း​ ဒီအချိန်ကြီး​မှာ​ပေါ့​ဗျာ ဒီလို အခါမျိုး​ကြီး​မှာ ဒီလို ပုဒ်မမျိုး​တွေနဲ့​ ဒီလိုဟာမျိုး​ မစွဲသင့်​တော့​ဘူး​ပေါ့​။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ပဲ ​ဆောင်ရွက်​နေပြီ။ အဲ့​လိုမျိုး​တော့​ သူ​ပြောတယ်။”

နိုင်ငံ​တော်ပုန်ကန်မှုဟာ တသက်တကျွန်း​အထိ ​ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး​ တရား​မဝင်အသင်း​ဖွဲ့​ အမှုက​တော့​ ​ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်​ကြောင်း​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။ လာမယ့်​ အပတ် ကြာသာပ​တေး​နေ့​မှာလည်း​ ပဒိုမန်း​ငြိမ်း​မောင်ဘက်က သက်​သေပြုမယ့်​သူကို လက်ခံ၊​ မခံ အမိန့်​ချမှတ်မယ်လို့​ ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မနှစ် နှစ်လယ်ပိုင်း​က တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အစပြုကာ မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။

အခုနှစ်ဆန်း​ပိုင်း​က ​ကေအန်ယူနှင့်​ အစိုး​ရတို့​ကြား​ ငြိမ်း​ချမ်း​ရေး​ ပဏာမ သ​ဘောတူညီမှု ရရှိခဲ့​ပြီး​နောက် ပဒိုမန်း​ငြိမ်း​မောင်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ အစိုး​ရဘက်က ကတိ​ပေး​ခဲ့​ပေမယ့်​ အခု ​ထောင်နှစ်ရှည်ကျခံနိုင်တဲ့​အမှုနဲ့​ တရား​ရင်ဆိုင်​နေရတာပါ။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) မှာ ဗဟို​ကော်မတီဝင်ဖြစ်သလို တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​ (၁၂) ဖွဲ့​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွှတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ မှာလည်း​ ​ကော်မတီဝင်တဦး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013