DVB Logo
Home
မြန်မာသတင်း
မလှိုင်တွင် တက္ကသိုလ်ဝင်တန်း ၆ ဘာသာနှင့် ၅ ဘာသာဂုဏ်ထူးရှင် ၁၇၃ ဦးရှိ
DVB
·
June 18, 2017
မလှိုင်တွင် တက္ကသိုလ်ဝင်တန်း ၆ ဘာသာနှင့် ၅ ဘာသာဂုဏ်ထူးရှင် ၁၇၃ ဦးရှိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် တခုလုံး တက္ကသိုလ်ဝင်တန်း အောင်ချက် ၄၅ ဒသမ ၇၈ ရာခိုင်နှုန်း၊ ထူးခြားမှု အနေနဲ့ မလှိုင်မြို့ တက္ကသိုလ်ဝင်တန်း အောင်ချက် ၅၆ ဒသမ ၆၆ ရာခိုင်နှုန်းရှိပြီး ၆ ဘာသာ ဂုဏ်ထူးရှင် ၆၄ ဦးနဲ့ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၀၉ ဦး၊ စုစုပေါင်း ၁၇၃ ဦး ရှိတယ်လို့ ခရိုင်ပညာရေးမှူးရုံးက ပြောပါတယ်။

အငြိမ်းစားလက်ထောက်ပညာရေးမှူး ဦးတင်မြင့် က “မလှိုင်မြို့ရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ အတုခိုးသင့်တယ်။ သင်ကြားနည်းစနစ် သင်ကြားသူတွေ ကြိုးစားလာအောင် ဆွဲဆောင်မှုတွေကို လေ့လာသင့်တယ်။ သူတို့လို အောင်မြင်မှုတွေ ရလာအောင် သူတို့ဆီက နည်းပညာ ရယူသင့်တယ်” လို့ပြောပါတယ်။

မလှိုင်မြို့က လက်ထောက်ပညာရေးမှူး ဦးစောလွင်က “မနှစ်ကတော့ မန္တလေးတိုင်း တခုလုံးမှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ဒုတိယအကောင်းဆုံးရတယ်၊ ဒီနှစ်တော့ ဘယ်လောက် အဆင့်ရမယ် မသိသေးဘူး။ စားရင်းရှိကျောင်းသား ၄၁၉၅ ဦး ဖြေဆိုသူ ၄၁၀၅ ဦး အောင်မြင်သူ ၂၃၂၆ ဦး ဖြစ်တယ်။ ကျနော်တို့မြို့ အောင်ချက် ကောင်းတာက ဒေါက်သုံးဒေါက်ဖြစ်တဲ့ မိဘ၊ ဆရာ၊ ကျောင်းသား တူညီစွာ ကြိုးစားလို့ပါ" လို့ ပြောပါတယ်။

မိတ္ထီလာခရိုင် တက္ကသိုလ်ဝင်တန်း စာရင်းရှိကျောင်းသားဦးရေ ၁၆၃၅၅ ယောက်ရှိပါ တယ်။ စာမေးပွဲဖြေဆိုသူ ၁၅၆၈၇ ယောက်၊ စာမေးပွဲအောင်မြင်သူ ၇၁၈၁ ယောက်၊ ဂုဏ်ထူးရရှိသူ ၁၈၁၇ ယောက်၊ ၆ဘာသာ ဂုဏ်ထူးရှင် ၇၃ ဦး၊ ၅ ဘာသာဂုဏ်ထူရှင် ၁၃၈ ဦး ရှိပါတယ်။

ဂုဏ်ထူးအနည်းဆုံးဘာသာရပ်က ပထဝီဖြစ်ပြီး ၆ ဦး ရှိပါတယ်။ အများဆုံးရ ဘာသာရပ်က ဓာတုဗေဒဖြစ်ပြီး ၈၁၇ ဦးရှိပါတယ်။

မိတ္ထီလာအောင်ချက် ၄၂ ဒသမ ၁၆ ရာခိုင်နှုန်း ဝမ်းတွင်းမြို့ အောင်ချက် ၄၆ ဒသမ ၈၂ ရာခိုင်နှုန်း၊ သာစည်မြို့က ၃၆ ဒသမ ၈၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013