DVB Logo
Home
မြန်မာသတင်း
မြန်အောင်တွင် စာမေးပွဲကျသဖြင့် ကျောင်းသူတဦး ကြိုးဆွဲချသေဆုံး
DVB
·
June 18, 2017
မြန်အောင်တွင် စာမေးပွဲကျသဖြင့် ကျောင်းသူတဦး ကြိုးဆွဲချသေဆုံး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ရဲစခန်းအပိုင်း မျှင်ဝါးတောင်ကျေးရွာအုပ်စု ညောင်ခုံကျေးရွာမှာ ဇွန် ၁၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ဆယ်တန်းကျောင်းသူတဦး စာမေးပွဲကျလို့ ကြိုးဆွဲချ သေဆုံးမှုတခု ဖြစ်ပွားခဲ့ပါတယ်။

"မနေ့က ဖြစ်တာပါ။ ကျနော်တောင် ဒီကလေးမလေး ဒီမှာလာပြီး ကျောင်းတက်နေတာမသိဘူး။ သေဆုံးမှုဖြစ်မှသိတယ်လေ။ ကလေးမလေးအသက် ၁၇ နှစ်ပဲရှိသေးတယ်။ သူမိဘတွေက ရန်ကုန်တိုင်းတိုက်ကြီးက သူအဖေက တပ်ကြပ်ကြီးပါ၊ ခြေမြန်တပ်ရင်း (၇၀၈) တပ်ကရင်းကပါ။ သေသူရဲ့မိခင် မောင်အရင်းက ဒီညောင်ခုံကဆိုတော့ အင်္ဂပူမြို့နယ်ထဲက ထူးကြီးမြို့ ကိုယ်ပိုင်းအထက်တန်းကျောင်းမှာ ကျောင်းတက်တယ်လေ။ စုံစမ်းကြည်တော့ သူနဲ့တွဲနေတာ သူငယ်ချင်း ခြောက်ယောက်ရှိတယ်၊ သူနဲ့ ခုနှစ်ယောက်ပေါ့။ ခြောက်ယောက်အောင်တယ်၊ သူကျတော့ ကလေးမလည်း ခုလို လုပ်လိုက်တာပဲ ထင်တယ်၊ သနားဖို့ကောင်းပါတယ်” လို မျှင်ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဦးက ဒီဗွီဘီကို ပြောပါတယ်။

ခုလိုသေဆုံးမှုဖြစ်စဉ်ကိုတော့ အင်ပင်ရဲတပ်နယ်မြေစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၇ နဲ့အမှုဖွင့်ဆောက်ရွက်နေပါတယ်လို့ ရဲတပ်သား မောင်မောင်ကျော်က ပြောပါတယ်။

အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင် မျှင်ဝါးတောင်ရဲကင်းမှူး ရဲတပ်ကြပ်ကြီးလွင်စိုးကတော့ "သိသိချင်အလောင်းကို ရဲလုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ ကလေးမလေးက ခင်ရတနာဦးပါ။ ခုတော့ အလောင်းပြန်သယ်ထားပါတယ်။ ဒီနေ့ မီးသင်္ဂြိုဟ်မှာပါ။ ခုသူ့အမေကတော့ ခုဒီညောင်ခုံရွာကိုတော့ ရောက်နေပါပြီ၊ သူအဖေက ရှေ့တန်းရောက်နေတယ်၊ သနားစရာပါပဲ” လို့ ပြောပါတယ်။

ဓာတ်ပုံ - မျှင်ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013