DVB Logo
Home
မြန်မာသတင်း
တာ​မွေ​ဈေး​ကို ​ပြောင်း​ရွှေ့​ရန် အစီအစဉ် ​ဈေး​သူ​ဈေး​သား​များ​ မ​ကျေနပ်
DVB
·
February 16, 2012
တာ​မွေ​ဈေး​ကို ​ပြောင်း​ရွှေ့​ရန် အစီအစဉ် ​ဈေး​သူ​ဈေး​သား​များ​ မ​ကျေနပ်
Donate to DVB

ရန်ကုန် တာ​မွေမြို့​နယ် ကျိုက္ကဆံလမ်း​ပေါ်က တာ​မွေဗလီအနီး​မှာ ယာယီ တာ​မွေ​ဈေး​ကို ​ရွှေ့​ပြောင်း​ပြီး​တော့​ ​ဈေး​သည်​တွေကို အခွန်လွတ်​ဈေး​မှာ ​နေရာချထား​ပေး​ဖို့​ ​ဈေး​တာဝန်ရှိသူ​တွေက ​ပြောကြား​ခဲ့​ပါတယ်။

[caption id="attachment_21305" align="alignright" width="300" caption="photo - google map"][/caption]

ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​နဲ့​ ဒီက​နေ့​အပါအဝင် နှစ်ကြိမ် ​ဈေး​တာဝန်ရှိသူ​တွေက လာ​ရောက် ​ပြောဆိုခဲ့​တာပါ။

အစား​ထိုး​ ပြန်လည် ​ရောင်း​ချခွင့်​ရမယ့်​ ​နေရာသစ်ဟာ ကျဉ်း​သလို အဝင်အထွက်လမ်း​ကလည်း​ ကျဉ်း​မြောင်း​တာ​ကြောင့်​ ​ဈေး​သူ​ဈေး​သား​တွေက မ​ရွှေ့​ပြောင်း​ချင်ကြဘဲ ဖြစ်​နေကြတာပါ။

ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ (​ဈေး​များ​ဌာန) ဒုတိယဌာနမှူး​ ဦး​မောင်​မောင်​အေး​က ​ဈေး​သူ​ဈေး​သား​တွေရဲ့​ သ​ဘောထား​ကို ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က လာ​ရောက် ​မေး​မြန်း​ခဲ့​တာ ဖြစ်ပြီး​ ဒီ​နေ့​မနက်​တော့​ ခရိုင်မှူး​က ထပ်​ပြောဆိုခဲ့​တယ်လို့​ ​ဈေး​သည် တဦး​က ​ပြောပါတယ်။

“သူက ဘာ​ပြောလဲဆို​တော့​ ကျ​နော်တို့​က ခင်ဗျား​တို့​ကို အတင်း​အကျပ် လုပ်တာ မဟုတ်ဘူး​ပေါ့​နော်။ ဒါ​ပေမဲ့​ သူတို့​ပေး​တဲ့​ အခု ​နေရာကိုလည်း​ ယူ​ပေါ့​လေ။ မယူလို့​ရှိရင် ​နောင်တချိန်ကျရင် ​နေရာ ​ပျောက်သွား​ခဲ့​လို့​ရှိရင် သူတို့​ အ​နေနဲ့​။ ခင်ဗျား​တို့​ ဒုက္ခ​ရောက်မယ်​ပေါ့​ အဲဒီပုံစံ ​ပြောသွား​တာ​လေ။ သူ ​ပေါ်တင်မ​ပြော​ပေမယ့်​ တွက်ကြည့်​ရင်​တော့​ ဒီပုံစံပဲ ဖြစ်​နေတာ​ပေါ့​။”

ဈေး​တာဝန်ရှိသူ​တွေဘက်က ဖယ်ရှား​တဲ့​ အ​ကြောင်း​ရင်း​ကို မ​ပြောပြ​ပေမယ့်​ ​ဈေး​သည်​တွေက​တော့​ ဂမုန်း​ပွင့်​ကုန်တိုက် ​ဆောက်ဖို့​ ဖယ်ခိုင်း​တာ ဖြစ်နိုင်တယ်လို့​ ခန့်​မှန်း​နေကြပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်လို့​ အ​ကြောင်း​စုံကို သိရဖို့​ စည်ပင်ဌာနကို ​မေး​မြန်း​ပေမယ့်​လည်း​ ပြန်လည် ​ဖြေဆိုခြင်း​ မရှိပါဘူး​။

ဈေး​မှာ မှတ်ပုံတင်ဆိုင်ခန်း​ လက်ရှိ ၆၀၀ နီး​ပါး​ ရှိ​နေပြီး​တော့​ ပျံကျ​ဈေး​ ​ရောင်း​ချသူ ၁၂၀၀ ​လောက် ရှိ​နေပါတယ်။

ဈေး​သူ​ဈေး​သား​တွေရဲ့​ ဆန္ဒကို ​ဈေး​သည် တဦး​က ခုလို ​ပြောပြပါတယ်။

“​ဈေး​သူ​ဈေး​သား​တွေရဲ့​ ဆန္ဒက​တော့​ ကျ​နော်တို့​က မ​ရွှေ့​ချင်ဘူး​ပေါ့​နော်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​က ပထမတကြိမ်မှာ ကျ​နော်တို့​က ​ဈေး​ဟောင်း​ပေါ့​နော်။ အခု လက်ရှိ ပလာဇာ​ပေါ့​၊​ ကျ​နော်တို့​က ဒီ​နေရာကြီး​ကို လုံး​ဝ စွန့်​လွှတ်ခဲ့​ရပြီး​ပြီ။ အခုတခါ ကျ​နော်တို့​က ဒီ​နေရာ​လေး​မှာ ၁၈ နှစ် ကြာခဲ့​ပြီ​ပေါ့​နော်။ ၁၈ နှစ်ဆို​တော့​ ၄၊​ ၅၊​ ၆ နှစ်​လောက်ကို ကျ​နော်တို့​ ​ဈေး​သည်​တွေက အလူး​အလဲကို ဒုက္ခခံခဲ့​ရတာ။ ဒီ အရိုး​တွေ၊​ အုတ်ဂူ​တွေ အဲဒီကြား​ထဲမှာ ကျ​နော်တို့​က ခုနက​ပြောသလို ​ရောင်း​ချပြီး​တော့​ ကျ​နော်တို့​က စား​သုံး​ခဲ့​ရတဲ့​အတွက်​ကြောင့်​မို့​လို့​၊​ အခု ၁၂ နှစ် ဆို​တော့​ ကျ​နော်တို့​က နည်း​နည်း​လေး​ အသား​ကျလာတဲ့​ အခါကျ​တော့​ ​ဈေး​သူ​ဈေး​သား​ အား​လုံး​ ဆန္ဒ အ​နေအထား​က​တော့​ ဒီ​နေရာကို အဆင့်​မြင့်​ ​ဈေး​ကြီး​ဆောက်ပြီး​တော့​ ပြန်လည် ရယူ​စေချင်တယ်။”

အခု ယာယီ​ဈေး​သည်​တွေဟာ အရင်တချိန်တုန်း​ကလည်း​ တာ​မွေပလာဇာ ​ဆောက်လုပ်ဖို့​ ​နေရာ ဖယ်​ပေး​ခဲ့​ရဖူး​ခဲ့​သလို လက်ရှိ​နေရာက အရင် သုသာန်​ဟောင်း​ကို ရှင်း​လင်း​ပြီး​ ​ဈေး​တည်ထား​ခဲ့​ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013